ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန သတင်း

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ရန်ကုန်‌တောင်ပိုင်းခရိုင်ဦးစီးမှူးရုံး(သန်လျင်)မှ တာဝန်ရှိသူများသည်   (၁၇-၈-၂၀၂၂) ရက်နေ့ မိုးသည်းထန်စွာရွာသွမ်းမှုကြောင့် ရေကြီးရေလျှံမှုဖြစ်ပွားခဲ့ရာ  သန်လျင်ခရိုင်၊ ခရမ်းမြို့နယ်၊  ကွမ်းမိုးဒိန်းရပ်ကွက်တွင် အိမ်ထောင်စု (၆)၊ လူဦးရေ (၃၇)၊ အမှတ် (၁၂)ရပ်ကွက်တွင် အိမ်ထောင်စု(၂၂)စု၊ လူဦးရေ (၉၂)ဦး၊ ပလူကျေးရွာအုပ်စု၊ပလူကျေးရွာတွင် အိမ်ထောင်စု (၁၅)စု၊ လူဦးရေ (၄၈)ဦး၊ ဘိုကလေးကျေးရွာအုပ်စု အိမ်ထောင်စု (၃၀)စု၊ လူဦးရေ (၇၀)ဦး၊ ကျုံကန်ကျေးရွာအုပ်စု၊ ကျုံကန်ကျေးရွာတွင် အိမ်ထောင်စု (၁၀)စု၊ လူဦးရေ(၃၃)၊  စုစုပေါင်း အိမ်ထောင်စု (၈၃)စု၊ လူဦးရေ (၂၈၀)ဦး တို့အတွက် ဆန်ရိက္ခာဖိုး(၇)ရက်စာ စုစုပေါင်း‌ထောက်ပံ့‌ငွေ (၅၈၈,၀၀ဝ)ကျပ်တိတိအား (၁၈-၈-၂၀၂၂) ရက်နေ့တွင် ခရမ်းမြို့နယ်အ‌‌ထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူများနှင့်အတူ ဘေးသင့်ပြည်သူများ၏ လက်ဝယ်အရောက် ထောက်ပံ့‌ပေးအပ်ခဲ့ပါသည်။

Source: DDM

နောက်ဆုံးရသတင်းများ

ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ မြောင်းမြမြို့နယ်၊ လေးအိမ်တန်းကျေးရွာအုပ်စု၊ လေးအိမ်တန်း ကျေးရွာနှင့် မြင်းကချောင်းကျေးရွာ၌ လေပြင်းဘေးထောက်ပံ့ပြီးစီးမှု သတင်း
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ်၊ ဘုရားကြီးကုန်းကျေးရွာအုပ်စု၊ ဆင်ဆိပ်ကျေးရွာ၌ လေပြင်းဘေးကြိုတင် ကာကွယ်ရေးလုပ်ငန်းများ ဆောင်ရွက်မှုသတင်း
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ်၊ ဘုရားကြီးကုန်းကျေးရွာအုပ်စု၊ ပင်တောကျေးရွာ၌ လေပြင်းဘေးကြိုတင် ကာကွယ်ရေးလုပ်ငန်းများဆောင်ရွက်မှုသတင်း

MOS

DSW

DDM

DOR