ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန သတင်း

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာဒုံခရိုင်၊ ရွှေပြည်သာမြို့နယ်၊ အမှတ်(၇)ရပ်ကွက်၊ သမိန်ဗရမ်းလမ်းနှင့် အနော်ရထာလမ်းထောင့်ရှိ နေအိမ်၌ (၁၉-၈-၂၀၂၃) ရက်နေ့၊ (၁၂:၅၅)အချိန်ခန့်တွင် လျှပ်စစ်ဒယ်နီအိုး တည်ထားရာမှအပူလွန်ကဲ၍ အနီးရှိ နေအိမ်ပျဉ်ကာများသို့ မီးကူးစက်ကာ မီးစတင်လောင်ကျွမ်းမှုကြောင့် နေအိမ်(၃)လုံး လုံးဝပျက်စီးခဲ့ပြီး၊ အိမ်ထောင်စု(၃)စု၊ လူဦးရေ ကျား(၇)ဦး၊ မ(၈)ဦး၊ စုစုပေါင်း(၁၅)ဦးဘေးသင့်ခဲ့ရာ အဆိုပါမီးဘေးသင့်ပြည်သူများအတွက် ဆန်ရိက္ခာဖိုးထောက်ပံ့ငွေ(၃၁,၅၀ဝိ/-)၊ အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ(၆၀၀,၀၀ဝိ/-)၊ စုစုပေါင်းထောက်ပံ့ငွေ (၆၃၁,၅၀ဝိ/-)နှင့် ကယ်ဆယ်ရေးပစ္စည်း(၁၆)မျိုး အိမ်ထောင်စု(၃)စာတို့အား (၂၅-၈-၂၀၂၃)ရက်နေ့၊ (၁၁:၀၀)နာရီအချိန်တွင် ရွှေပြည်သာမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူများနှင့်အတူ ပြည်သူများ၏ လက်ဝယ်အရောက်ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။

Source: DDM

နောက်ဆုံးရသတင်းများ

ကျိုက်ထိုမြို့၊ ကံ့ကော်ရပ်ကွက်၊ ဆေးရုံလမ်းဆုံနှင့် ကျိုက်ထီးရိုးဘုရားလမ်းခွဲ (Denko ဆီဆိုင်လမ်းဆုံ)၊ ဇေယျာမွန်ရပ်ကွက်၊ တောင်သူစုရပ်ကွက်၊မြောက်ပိုင်းရပ်ကွက်၊ ကော့စံနိုင်ရပ်ကွက်တို့၌ လတ်တလောဖြစ် ပေါ်နေသည့်အားကောင်းသော မုန်တိုင်းငယ်သတိပေးချက်များနှင့်စပ်လျဉ်၍ ဆောင်ရန်/ ရှောင်ရန်များအား လှည့်လည်အသိပေးနှိုးဆော်မှုသတင်း

MOS

DSW

DDM

DOR