ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန သတင်း

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ရန်ကုန်တိုင်းဒေသကြီးမင်္ဂလာဒုံခရိုင်၊ ရွှေပြည်သာမြို့နယ်၊ အမှတ်(၇)ရပ်ကွက်၊ သမိန်ဗရမ်းလမ်းနှင့် အနော်ရထာလမ်းထောင့်ရှိ နေအိမ်(၁၉-၈-၂၀၂၃) ရက်နေ့ (၁၂:၅၅)အချိန်ခန့်တွင် လျှပ်စစ်ဒယ်နီအိုး တည်ထားရာမှအပူလွန်ကဲ၍ အနီးရှိ နေအိမ်ပျဉ်ကာများသို့ မီးကူးစက်ကာ မီးစတင်လောင်ကျွမ်းမှုကြောင့် နေအိမ်(၃)လုံး လုံးဝပျက်စီးခဲ့ပြီး၊ အိမ်ထောင်စု(၃)စု၊ လူဦးရေ ကျား(၇)ဦး၊ မ(၈)ဦး၊ စုစုပေါင်း(၁၅)ဦးဘေးသင့်ခဲ့ရာ အဆိုပါမီးဘေးသင့်ပြည်သူများအတွက် ဆန်ရိက္ခာဖိုးထောက်ပံ့ငွေ(၃၁,၅၀ဝိ/-)၊ အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ(၆၀၀,၀၀ဝိ/-)၊ စုစုပေါင်းထောက်ပံ့ငွေ (၆၃၁,၅၀ဝိ/-)နှင့် ကယ်ဆယ်ရေးပစ္စည်း(၁၆)မျိုး အိမ်ထောင်စု(၃)စာတို့အား (၂၅-၈-၂၀၂၃)ရက်နေ့(၁၁:၀၀)နာရီအချိန်တွင် ရွှေပြည်သာမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူများနှင့်အတူ ပြည်သူများ၏ လက်ဝယ်အရောက်ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။

Source: DDM

နောက်ဆုံးရသတင်းများ

ရေကြည်မြို့နယ်၊ ကွင်းလျားကျေးရွာအုပ်စု၊ ဘုရားကုန်းကျေးရွာတွင်ဖြစ်ပွားခဲ့သော ကမ်းပြိုဘေး ကြောင့် ပြောင်းရွှေ့နေအိမ်များရှိ ဘေးသင့်ပြည်သူများအား ထောက်ပံ့ငွေများပေးအပ်မှုသတင်း
ပျဉ်းမနားမြို့နယ်၊ အမှတ်-၂၀ (ယောက်သွအင်း) စာသင်ကျောင်းနှင့် အမှတ်-၁၄၀(လက်ပံခါးလှ) စာသင် ကျောင်းတို့တွင် သဘာဝဘေးအန္တရာယ်များနှင့်ပတ်သတ်၍ အသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်မှု သတင်း
ပျဉ်းမနားမြို့နယ်၊ အ.မ.က (သူဌေးကုန်း) စာသင်ကျောင်းနှင့် အ.မ.က(မြောက်လွတ်ကုန်း) စာသင် ကျောင်းတို့၌ သဘာဝဘေးအန္တရာယ်များနှင့်ပတ်သတ်၍ အသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်

MOS

DSW

DDM

DOR