ရန်ကုန်တိုင်းဒေသကြီး၊ တိုက်ကြီးခရိုင်၊ တိုက်ကြီးမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်အစည်းအဝေးခန်းမတွင် လေပြင်းဘေး ကြိုတင်ကာကွယ်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးနှင့် နေအိမ်ပြင်ဆင်ရန် ထောက်ပံ့ငွေပေးအပ်ပွဲ အခမ်းအနား ပြုလုပ်မှုသတင်း
၁၅ ဖေဖော်ဝါရီ ၂၀၂၅
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊
ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ရန်ကုန်တိုင်း ဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည်
(၁၄-၂-၂၀၂၅) ရက်နေ့တွင် ရန်ကုန်တိုင်းဒေသကြီး၊ တိုက်ကြီးခရိုင်၊ တိုက်ကြီးမြို့နယ်
အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်အစည်းအဝေးခန်းမတွင် လေပြင်းဘေးကြိုတင်ကာကွယ်ရေးလုပ်ငန်းညှိနှိုင်းအစည်း
အဝေးနှင့် နေအိမ်ပြင်ဆင်ရန်အတွက် ထောက်ပံ့ငွေပေးအပ်ပွဲအခမ်းအနား ကျင်းပပြုလုပ်ခဲ့ပြီး၊
အခမ်းအနားသို့ မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့၊ ဥက္ကဌနှင့်အဖွဲ့၀င်များ၊ ဌာနဆိုင်ရာများမှတာ၀န်ရှိသူများ၊
ရပ်ကွက်/ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးများ တက်ရောက်ခဲ့ပြီး တိုက်ကြီးမြို့နယ်အတွင်း
ကျေးရွာ (၁၅)ရွာ၊ ရပ်ကွက်တစ်ရပ်ကွက်ရှိ နေအိမ် (၃၀၀)လုံးအတွက် ထောက်ပံ့ငွေ (၁၈၉၀၀၀၀ဝိ/-)ထောက်ပံ့ပေးအပ်ခဲ့ပြီး(၁၁:၃၀)နာရီအချိန်တွင်
ကျေးရွာများသို့ကွင်းဆင်း၍ နေအိမ်များပြုပြင်ခြင်းလုပ်ငန်းများဆောင်ရွက်ခဲ့ပါသည်။
Source: DDM