သဘာဝဘေးအန္တရာယ်အသိပညာပေးဆောင်ရွက်မှုသတင်း
၁၂ ဇွန် ၂၀၂၂
လူမှု၀န်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေး၀န်ကြီးဌာန၊
ဘေးအန္တရာယ် ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ချောင်းဆုံမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၁-၆-၂၀၂၂) ရက်နေ့၊ (၁၀:၀၀)အချိန်တွင် ချောင်းဆုံမြို့နယ်၊
ကမာကေးကျေးရွာ၊ မူကြိုကျောင်း၌ ဦးစီးဌာန ၏လုပ်ငန်းတာဝန်များကို ရှင်းလင်းပြောကြား၍
သဘာဝဘေးအန္တရာယ်များ၊ ရာသီဥတု ပြောင်းလဲမှုဖြစ်စဉ်များနှင့် သဘာဝဘေးအန္တရာယ်ဖြစ်ပွားလာပါက ဆောင်ရန်/ရှောင်ရန် အချက်များအား ဆွေးနွေးဟောပြောခဲ့ပြီး တက်ရောက်လာသည့်ပြည်သူများအား
သဘာဝဘေး အသိပညာပေးလက်ကမ်းစာစောင်များနှင့်ဗီနိုင်းပိုစတာများအား ဖြန့်ဝေပေးခဲ့ပါသည်။