လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မြိတ်ခရိုင်ဦးစီမှူးရုံးမှ တာဝန်ရှိသူများသည် (၁၈-၇-၂၀၂၂) ရက်နေ့ နံနက် (၁၃:၃၀)အချိန်တွင် မြိတ်မြို့နယ်၊ သမုတ်ကျေးရွာရှိ အ.ထ.က (သမုတ်) အခြေခံပညာအထက်တန်းကျောင်းတွင် ဗဟုသုတများရရှိစေရန်ရည်ရွယ်၍ သဘာဝဘေးအန္တရာယ်များနှင့်ပတ်သက်၍ အသိပညာပေးဟောပြောပွဲဆောင်ရွက်ခဲ့ပြီး အဆိုပါ ဟောပြောပွဲသို့ ကျောင်းသားဦးရေ(၁၁၂)ဦးတက်ရောက်ခဲ့၍ သဏ္ဍာတူ သရုပ်ပြများဆောင်ရွက် ခြင်းလည်းကောင်း၊ လက်ကမ်းစာစောင်များ၊ ဗီနိုင်းနှင့် ဘောလ်ပင်များ ဝေငှပေးခြင်းတို့အား ဆောင်ရွက်ခဲ့ပါသည်။
Sourcr: DDM