မြင်းခြံခရိုင်၊ မြင်းခြံမြို့နယ်၊ အမှတ် (၇) ရပ်ကွက် မီးဘေးသင့်ပြည်သူများအတွက် ထောက်ပံ့ငွေများပေးအပ်မှုသတင်း
၁၁ မတ် ၂၀၂၃
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်
ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီးဌာန၊
မြင်းခြံခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မြင်းခြံခရိုင်၊ မြင်းခြံမြို့နယ်၊
အမှတ် (၇) ရပ်ကွက်၌ (၈-၃-၂၀၂၃) ရက်နေ့၊ (၀၆:၃၂)
နာရီအချိန်တွင် ဖြစ်ပွားခဲ့သော မီးဘေး ကြောင့် တစ်စိတ်တစ်ပိုင်းပျက်စီးနေအိမ်
(၁)လုံး၊ အိမ်ထောင်စု (၁)စုမှ လူဦးရေ (၇)ဦးတို့အတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၅၀,၀၀ဝ/-)၊ ဆန်ရိက္ခာဖိုးထောက်ပံ့ငွေ
(၇)ရက်စာ (၁၄,၇ဝဝ/-)၊ စုစုပေါင်းထောက်ပံငွေ (၆၄,၇၀၀/-)ကျပ်တို့အား (၁၀-၃-၂၀၂၃)ရက်နေ့၊
(၁၀:၀၀)နာရီအချိန်တွင် မြင်းခြံ မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၌ ဘေးသင့်ပြည်သူများလက်ဝယ်အရောက်
ထောက်ပံ့ ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။
Source: DDM