COVID-19 ကူးစက်ရောဂါ၊ သဘာဝဘေးအန္တရာယ်များနှင့်ပတ်သက်၍ အသိပညာပေး ဆောင်ရွက်မှုသတင်း
၃၀ ဩဂုတ် ၂၀၂၁
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊
ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မွန်ပြည်နယ်၊ သထုံခရိုင်ဦးစီးမှူးရုံးမှ
တာဝန်ရှိသူများသည်(၂၉-၈-၂၀၂၁) ရက်နေ့၊ (၁၃း၀၀)နာရီအချိန်မှ (၁၅း၃၀)နာရီအချိန်ထိ
သထုံခရိုင်၊ ပေါင်မြို့နယ်၊ ဥတ္တံတားကျေးရွာနှင့် ဇင်းကျိုက်မြို့၊ ဖလပ်ရပ်ကွက်
တို့တွင် နေထိုင်သောပြည်သူများအား Covid-19 ကူးစက်ရောဂါ ပျံ့နှံ့မှုများမဖြစ်ပွားစေရန်အတွက်
သိရှိလိုက်နာဆောင်ရွက်ရမည့်အချက်များနှင့် သဘာဝဘေးအန္တရာယ်နှင့်ပတ်သက်၍ သိရှိလိုက်နာဆောင်ရွက်ရမည့် ဆောင်ရန်/ ရှောင်ရန်အချက်များအား အသိပညာပေးဆောင်ရွက်ခဲ့ပါသည်။
Source: DDM