အသိပညာပေးခြင်းများ ဆောင်ရွက်မှုသတင်း
၁၉ စက်တင်ဘာ ၂၀၂၁
လူမှု၀န်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး၀န်ကြီးဌာန၊
ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မြင်းခြံခရိုင်ဦးစီးမှူးရုံးနှင့် နွားထိုးကြီးမြို့နယ်ဦးစီးမှူးရုံးတို့မှ တာ၀န်ရှိသူများသည် မန္တလေးတိုင်းဒေသကြီးအတွင်းရှိ မြင်းခြံမြို့နယ်နှင့် နွားထိုးကြီးမြို့နယ်များရှိ ရပ်ကွက်/ကျေးရွာအုပ်စုနှင့်
ကျေးရွာများသို့ (၁၇-၉-၂၀၂၁)ရက်နေ့တွင် ကိုဗစ်-၁၉ အသိပညာပေးခြင်းနှင့် ရာသီကာလအလိုက် ဖြစ်ပွားတတ်သော သဘာဝဘေးအန္တရာယ် အသိပညာပေးခြင်းများ ဆောင်ရွက်ခဲ့ပါသည်။
Source: DDM