ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန သတင်း

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ​ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဥတ္တရခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဥတ္တရခရိုင်၊ တပ်ကုန်းမြို့နယ်တွင် (၁၁-၉-၂၀၂၄) ရက်နေ့တွင် ဖြစ်ပွားခဲ့သောရေဘေးကြောင့် သေဆုံးလူဦးရေ (၃၃) ဦးအတွက် ထောက်ပံ့ငွေ(၉,၉၀၀,၀၀၀/-)၊ လုံးဝပျက်စီးနေအိမ် (၅၉) လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုး ထောက်ပံ့ငွေ (၅,၉၀၀,၀၀၀/-)၊ ဘေးသင့်လူဦးရေ (၆,၉၇၃) ဦးအတွက် ဆန်ရိက္ခာဖိုး ထောက်ပံ့ငွေ (၁၄,၆၄၃,၃၀၀/-)၊ စုစုပေါင်းထောက်ပံ့ငွေ (၃၀,၄၄၃,၃၀၀/-) နှင့်ကယ်ဆယ်ရေးပစ္စည်း (၁၆) မျိုး (၅၉) အိမ်ထောင်စုစာ (၆,၃၅၃,၀၀၂/-)၊ တို့အား နေပြည်တော်ကောင်စီဝင် ဦးဇေယျာလင်း နှင့်အတူ (၁၇-၉-၂၀၂၄) ရက်နေ့၊ (၁၁း၃၀) အချိန်တွင် ဘေးသင့်ပြည်သူများလက်ဝယ်သို့ သွားရောက် ထောက်ပံ့‌ပေးအပ်ခဲ့ပါသည်။

Source: DDM

နောက်ဆုံးရသတင်းများ

ကျိုက်ထိုမြို့၊ ကံ့ကော်ရပ်ကွက်၊ ဆေးရုံလမ်းဆုံနှင့် ကျိုက်ထီးရိုးဘုရားလမ်းခွဲ (Denko ဆီဆိုင်လမ်းဆုံ)၊ ဇေယျာမွန်ရပ်ကွက်၊ တောင်သူစုရပ်ကွက်၊မြောက်ပိုင်းရပ်ကွက်၊ ကော့စံနိုင်ရပ်ကွက်တို့၌ လတ်တလောဖြစ် ပေါ်နေသည့်အားကောင်းသော မုန်တိုင်းငယ်သတိပေးချက်များနှင့်စပ်လျဉ်၍ ဆောင်ရန်/ ရှောင်ရန်များအား လှည့်လည်အသိပေးနှိုးဆော်မှုသတင်း

MOS

DSW

DDM

DOR