ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန သတင်း

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံ ခန့်ခွဲမှုဦးစီးဌာန၊ ရန်ကုန်တောင်ပိုင်းခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် တွံ့တေးခရိုင်၊ ဆိပ်ကြီး ခနောင်တိုမြို့နယ်၊ ခနောင်တိုအနောက်ရပ်ကွက်၊ အမက (၁၃) မူလွန်ကျောင်းလမ်းအနောက်ရှိ နေအိမ်တွင် (၂-၈-၂၀၂၃) ရက်နေ့၊ (၁၇:၂၅) နာရီအချိန်ခန့်၌ ဒယ်နီအိုးအပူလွန်ကဲရာမှတဆင့် နေအိမ်သို့ မီးကူးစက်လောင်ကျွမ်းမှုကြောင့် (သွပ်မိုး၊ ပျဉ်ထောင်၊ပျဉ်ခင်း) နေအိမ် (၁)လုံး (လုံးဝပျက်စီး)ခဲ့သည့် အိမ်ထောင်စု (၁) စုရှိ လူဦးရေ  (၂) ဦးတို့အတွက် အိမ်ဆောက်ပစ္စည်းဖိုး ထောက်ပံ့ငွေ (၂၀၀,၀၀ဝ/-)၊ ဆန်ရိက္ခာဖိုးထောက်ပံ့ငွေ (၄,၂၀ဝ/-)၊ ကယ်ဆယ်ရေးပစ္စည်း (၁၇) မျိုး၊ ပစ္စည်းတန်ဖိုး (၄၆,၃၆၄/-)၊ စုစုပေါင်းထောက်ပံ့ငွေ (၂၅၀,၅၆၄/-)  ကျပ်တို့အား (၇-၈-၂၀၂၃) ရက်နေ့၊ နံနက် (၁၀:၀၀) နာရီ အချိန် တွင် ပြည်သူများ၏လက်ဝယ်အရောက် သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ပါသည်။

Source: DDM

နောက်ဆုံးရသတင်းများ

ကျိုက်ထိုမြို့၊ ကံ့ကော်ရပ်ကွက်၊ ဆေးရုံလမ်းဆုံနှင့် ကျိုက်ထီးရိုးဘုရားလမ်းခွဲ (Denko ဆီဆိုင်လမ်းဆုံ)၊ ဇေယျာမွန်ရပ်ကွက်၊ တောင်သူစုရပ်ကွက်၊မြောက်ပိုင်းရပ်ကွက်၊ ကော့စံနိုင်ရပ်ကွက်တို့၌ လတ်တလောဖြစ် ပေါ်နေသည့်အားကောင်းသော မုန်တိုင်းငယ်သတိပေးချက်များနှင့်စပ်လျဉ်၍ ဆောင်ရန်/ ရှောင်ရန်များအား လှည့်လည်အသိပေးနှိုးဆော်မှုသတင်း

MOS

DSW

DDM

DOR