ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန သတင်း

 လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ အင်္ဂပူမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် အင်္ဂပူမြို့နယ်၊ ခွေးတောက်ချောင်းကျေးရွာအုပ်စု၊ ဓမ္မင်းကျွန်း(ရ)ကျေးရွာတွင် (၅-၄-၂၀၂၂) ရက်နေ့မီးဘေးဖြစ်ပွားမှုကြောင့် လုံးဝလောင်ကျွမ်းသော သစ်အိမ်(၁)လုံးအတွက် အိမ်ဆောင်ပစ္စည်းဖိုးငွေ(၂၀၀,၀၀ဝ)ကျပ်၊ လူဦးရေ(၁)ဦးအတွက် ဆန်ရိက္ခာဖိုးငွေ (၂,၁၀ဝ)ကျပ် စုစုပေါင်းထောက်ပံ့ငွေ (၂၀၂,၁၀ဝ) ကျပ်ကိုလည်းကောင်း၊ အင်္ဂပူမြို့နယ်၊ ခြောက်ရွာကျေးရွာအုပ်စု(ကျုံပို၊ဒေါင့်ကြီး)ကျေးရွာတို့တွင် (၇-၄-၂၀၂၂) ရက်နေ့ လေဘေးဖြစ်ပွားမှုကြောင့် ပြိုကျအိမ်ခြေ (၃)လုံး၊ တစ်စိတ်တစ်ပိုင်း (၁) လုံးနှင့် တစ်စိတ်တစ်ပိုင်းပျက်စီးသော ဘုန်းတော်ကြီးကျောင်း(၁)ကျောင်းတို့အတွက် အိမ်ဆောက်ပစ္စည်းဖိုးငွေ (၄၂၀,၀၀ဝ)ကျပ်၊ လူဦးရေ(၁၅)ဦးအတွက် ဆန်ရိက္ခာဖိုးငွေ (၃၁,၅၀ဝ) ကျပ်၊ စုစုပေါင်းထောက်ပံ့ငွေ (၄၅၁,၅၀ဝ)ကျပ် တို့ကိုလည်းကောင်း၊ အင်္ဂပူမြို့နယ်၊ ခြောက်ရွာကျေးရွာအုပ်စု၊ ကျုံပိုကျေးရွာတွင် (၉-၄-၂၀၂၂) ရက်နေ့ ဖြစ်ပွားသောလေဘေးကြောင့် တစ်စိတ်တစ်ပိုင်းပျက်စီးအိမ်ခြေ (၁)လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးကျပ် (၄၀,၀၀ဝ)ကျပ်၊ လူဦးရေ (၇) ဦးအတွက်ဆန်ရိက္ခာဖိုးငွေ (၁၄,၇၀ဝ)ကျပ်၊ စုစုပေါင်းထောက်ပံ့ရန်ပုံငွေ (၅၄၇၀ဝိ/-)ကျပ်နှင့်၊ Surgical Mask (၁၄) ခုတို့ကိုလည်းကောင်း၊ အင်္ဂပူမြို့နယ်၊ ခွေးတောက်ချောင်းကျေးရွာအုပ်စု၊ နံကပ်ကြီးကျေးရွာတွင် (၂၅-၄-၂၀၂၂) ရက်နေ့တွင် ဖြစ်ပွားသော လေဘေးကြောင့် တစ်စိတ်တစ်ပိုင်းပျက်စီးအိမ်ခြေ(၁)လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးငွေ (၅၀,၀၀ဝ) ကျပ်၊ လူဦးရေ(၆)ဦးအတွက် ဆန်ရိက္ခာဖိုးငွေ (၁၂,၆၀ဝ)ကျပ်၊ စုစုပေါင်းထောက်ပံ့ရန်ပုံငွေ (၆၂,၆၀ဝ)ကျပ်နှင့် Surgical mask (၁၂)ခု တို့အား (၂၆-၄-၂၀၂၂) ရက်နေ့(၁၅:၀၀) နာရီချိန်တွင်‌ တာဝန်ရှိသူများနှင့်အတူ အင်္ဂပူမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ဘေးသင့်ပြည်သူများ လက်၀ယ်သို့အရောက် ထောက်ပံပေးအပ်ခဲ့ပါသည်။


Source:DDM

နောက်ဆုံးရသတင်းများ

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဥတ္တရခရိုင်၊ တပ်ကုန်းမြို့နယ်၊ ညောင်တုန်းအိုင်ကျေးရွာအုပ်စု၊ ညောင်တုန်းအိုင်ကျေးရွာ၊ ဗျိုင်းအင်းကျေးရွာအုပ်စု၊ ဗျိုင်းအင်းကျေးရွာ၊ ခရမ်းစပ်ကုန်းကျေးရွာအုပ်စု၊ ခရမ်းစပ်ကုန်းကျေးရွာနှင့် ရေအေးကျေးရွာအုပ်စု၊ ရေအေးကျေးရွာတို့၌ ဖြစ်ပွားသော လေဘေးအတွက် ထောက်ပံ့မှုသတင်း
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဥတ္တရခရိုင်၊ တပ်ကုန်းမြို့နယ်၊ မြောက်မြိုက်ကျေးရွာအုပ်စု၊ ဒဟတ်ကုန်းကျေးရွာ၊ အေးချမ်းသာစံပြကျေးရွာအုပ်စု၊ အေးချမ်းသာစံပြကျေးရွာ၊ ကျေးချောင်းကျေးရွာအုပ်စု၊ မိုးနှံကုန်း၊ ထရံကာ၊ သော်တာ၊ ကျေးချောင်း မြောက်ကျေးရွာတို့၌ ဖြစ်ပွားသော လေဘေးအတွက် ထောက်ပံ့မှုသတင်း

MOS

DSW

DDM

DOR