ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန သတင်း

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်တိုင်းဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနနှင့် နေပြည်တော်ကောင်စီတို့၏ ပူးပေါင်းဆောင်ရွက်မှုအစီအစဥ်အရ (၃-၂-၂၀၂၄)ရက်နေ့၊ နံနက် (၀၈:၀၀) အချိန်တွင် ပုဗ္ဗသီရိမြို့နယ်၊ မင်္ဂလာဒီပရပ်ကွက်၊ သီရိမဏ္ဍိုင်လမ်းနှင့် ချင်းတွင်းလမ်းထောင့်ရှိ ပုဗ္ဗသီရိမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ပုဗ္ဗသီရိမြို့နယ်အတွင်း လေပြင်းဘေးကြိုတင်ပြင်ဆင်ရေးအတွက် ထောက်ပံ့သည့်အခမ်းအနား ကျင်းပပြုလုပ်ခဲ့ရာ အခမ်းအနားသို့ နေပြည်တော်ကောင်စီ ဥက္ကဌ ဦးသန်းထွန်းဦး၊ နေပြည်တော်ကောင်စီအဖွဲ့ဝင်များဖြစ်သည့် ဦးဇေယျာလင်း၊ ဦးမြင့်စိုး၊ နေပြည်တော်ကောင်စီ ညွှန်ကြားရေးမှူး ဦးသူအောင်၊ ဇေယျာသီရိခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးဟန်ဝင်းထူး၊ အဖွဲ့ဝင် ဒုဗိုလ်မှူးကြီး ဦးဇေယျာမင်း၊ ခရိုင်အဆင့်ဌာနဆိုင်ရာများ၊ ပုဗ္ဗသီရိမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးစိန်ကြည်၊ အဖွဲ့ဝင်များဖြစ်သည့် ဗိုလ်မှူး သန်းနိုင်ကျော်၊ ဦးသန်းငွေ၊ မြို့နယ် လဝကမှူး ဦးဝင်းသိန်း၊ အတွင်းရေးမှူး ရဲမှူး အောင်ဇေယျာလင်း၊ မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ မြို့မိ/ မြို့ဖများ၊ ရပ်မိ/ ရပ်ဖများ၊ NGO အဖွဲ့အစည်းများ၊ ရပ်ကွက်/ ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများ၊ ရာအိမ်မှူးများ၊ ဆယ်အိမ်မှူးများနှင့် ဖိတ်ကြားထားသည့် ဧည့်သည်များ စုစုပေါင်းအင်အား (၂၅၀ )ဦးခန့် တက်ရောက်ခဲ့ပါသည်။

အခမ်းအနားတွင် နေပြည်တော်ကောင်စီ ဥက္ကဋ္ဌ၊ နေပြည်တော် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဥက္ကဋ္ဌ ဦးသန်းထွန်းဦးက အဖွင့်အမှာစကား ပြောကြားခဲ့ပြီး နေပြည်တော် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ တိုင်းဦးစီးမှူး၊ ဦးစဝီလီဖရန့်က လေပြင်းကြိုတင်ပြင်ဆင်ရေးအတွက် ဆောင်ရွက်ရမည့် ရည်ရွယ်ချက်များအား ရှင်းလင်းပြောကြားခဲ့ကာ နေပြည်တော်ကောင်စီ ဥက္ကဋ္ဌ ဦးသန်းထွန်းဦးမှ ထောက်ပံ့ရေးပစ္စည်းများအား သပြေတန်းကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဦးလှမျိုးအောင်ထံလည်းကောင်း၊ ဖြုတ်ခွဲကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဦးကျော်စည်သူထံလည်းကောင်း၊ ဘဲကုန်းကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဦးကျော်ကျော်ဦးထံလည်းကောင်း အသီးသီးထောက်ပံပေးအပ်ခဲ့ပြီး (၀၈:၃၀) အချိန်တွင် အခမ်းအနား ပြီးစီးခဲ့ကြောင်း သိရှိရပါသည်။

Source: DDM

နောက်ဆုံးရသတင်းများ

ဇေယျာသီရိမြို့နယ်၊ရွာသစ်ကြီးပရိယတ္တိစာသင်တိုက်၊ ဆန္ဒဆာရာဓမ္မစင်တာ(အထက်တန်း)ကျောင်းနှင့် ဆန္ဒဆာရာဓမ္မစင်တာ(အလယ်တန်း)ကျောင်းတို့တွင် သဘာဝဘေးအန္တရာယ်များနှင့်ပတ်သက်၍ အသိပညာပေးဆောင်ရွက်မှုသတင်း
ပျဉ်းမနားမြို့နယ်၊ အေးချမ်းမွန် မူကြိုကျောင်းနှင့် ကိုးခမ်းကြီး ဓမ္မစကူးလ်ကျောင်းတို့၌ သဘာဝဘေး အန္တရာယ်များနှင့်ပတ်သက်၍ အသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်မှုသတင်း
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဥတ္တရခရိုင်၊ တပ်ကုန်းမြို့နယ်၊ ညောင်တုန်းအိုင်ကျေးရွာအုပ်စု၊ ညောင်တုန်းအိုင်ကျေးရွာ၊ ဗျိုင်းအင်းကျေးရွာအုပ်စု၊ ဗျိုင်းအင်းကျေးရွာ၊ ခရမ်းစပ်ကုန်းကျေးရွာအုပ်စု၊ ခရမ်းစပ်ကုန်းကျေးရွာနှင့် ရေအေးကျေးရွာအုပ်စု၊ ရေအေးကျေးရွာတို့၌ ဖြစ်ပွားသော လေဘေးအတွက် ထောက်ပံ့မှုသတင်း

MOS

DSW

DDM

DOR