လူမှုဝန်ထမ်း၊
ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီးဌာန၊
ပုလောမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည်
(၃-၁၁-၂၀၂၂) ရက်နေ့၊ နံနက် (၀၉:၃၀) အချိန်တွင်
လူမှုဝန်ထမ်းဦးစီးဌာနနှင့်ပူးပေါင်းပြုလုပ်သော (Quick - Win Project) ၌ မြိတ်ခရိုင်၊ ပုလောမြို့နယ်၊ အ.ထ.က(၂)အခြေခံပညာအထက်တန်းကျောင်းတွင် ကျောင်းသား/သူ (၁၂၀) ဦးတို့အား သဘာဝဘေးအန္တရာယ်များနှင့်ပတ်သက်၍
အသိပညာပေးဟောပြောခြင်း၊ လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခြင်း၊
ဘောလ်ပင်များဝေငှပေးခြင်းနှင့် ဗွီနိုင်းပိုစတာပေးအပ်ခြင်းများ
ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။
Source: DDM