ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန သတင်း

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီးဌာန၊  ညောင်တုန်းမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ညောင်တုန်းမြို့၊ အမှတ်(၈)ရပ်ကွက်၊ ခိုင်ရွှေဝါလမ်းနှင့် ဇီဇဝါလမ်းထောင့်၌ (၉-၁-၂၀၂၃)ရက်နေ့တွင် ဖြစ်ပွားခဲ့သော မီးဘေးကြောင့် ပျက်စီး ဆုံးရှုံးခဲ့သည့် နေအိမ်(၃)လုံး၊ အိမ်ထောင်စု(၃)စုမှ လူဦးရေ(၁၄)ဦးအတွက် ဆန်ရိက္ခာ(၇)ရက်စာ ရန်ပုံငွေ (၂၉,၄၀၀/-)၊ အိမ်ဆောက်ပစ္စည်းဖိုး ရန်ပုံငွေ(၅၀၀,၀၀၀)၊ ကယ်ဆယ်‌ရေးရန်ပုံငွေ စုစုပေါင်း (၅၂၉,၄၀၀/-)၊ ကယ်ဆယ်ရေးရန်ပုံငွေ (၁၃၉,၆၀၈/-)တန်ဖိုးရှိ ကယ်ဆယ်ရေးပစ္စည်း(၁၆)မျိုးပါ (၃)ပုံးနှင့် ကလေးကျောင်း ဝတ်စုံ(မ)(၁)စုံတို့အား (၁၁-၁-၂၀၂၃)ရက်နေ့တွင် မီးဘေးသင့်ပြည်သူများထံ လက်ဝယ်အရောက် ကွင်းဆင်းထောက်ပံ့ပေးခဲ့ပါသည်။

Source:DDM

နောက်ဆုံးရသတင်းများ

ကသာမြို့၌ ဧရာဝတီမြစ်ရေကြီးခြင်းနှင့်ပတ်သက်၍ သတိပြုနေထိုင်ရေးနှင့် ကြိုတင်ပြင်ဆင်နိုင်ရေး အသိပညာပေးနှိုးဆော်ခြင်းနှင့် ရေဘေးအသိပညာပေးလက်ကမ်းစာစောင်များဖြန့်ဝေခြင်း ဆောင်ရွက်မှုသတင်း

MOS

DSW

DDM

DOR