လူမှု၀န်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေး၀န်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီးဌာန မြိတ်ခရိုင်ဦးစီးမှူးရုံးမှ တာ၀န်ရှိသူများသည် ကျွန်းစုမြို့နယ်၊ ချောင်းကြီးဝကျေးရွာ၊ ကျောက်မော် လမ်းတွင် တောင်မြေပြိုကျမှုကြောင့် မြေပြိုဘေးသင့် တစ်စိတ်တစ်ပိုင်းပျက်စီးအိမ်ခြေ(၁)လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုး(၄၀,၀၀၀/-)၊ ဘေးသင့်အိမ်ထောင်စု(၁)စုမှ လူဦးရေ(၄)ဦးအတွက် (၇)ရက်စာ ဆန် ရိက္ခာဖိုး(၈,၄၀၀/-)နှင့် စုစုပေါင်းထောက်ပံ့ငွေ(၄၈,၄၀၀/-)အား (၂၃-၈-၂၀၂၂)ရက်နေ့ (၁၄:၀၀)အချိန်တွင် ထောက်ပံ့ပေးအပ်ခဲ့ပါသည်။
Source: DDM