လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကရင်ပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၁-၉-၂၀၂၁)ရက်နေ့၊ (၀၉:၀၀)နာရီချိန်မှ (၁၂:၀၀)နာရီချိန်ထိ ဘားအံမြို့နယ်၊ ဘားကပ်စံပြကျေးရွာ၊ ကော့ဂွန်းကျေးရွာ၊ တောင်ကလေးကျေးရွာ၊ နှစ်ခြားကျေးရွာ၊ ဌာနီကုန်းကျေးရွာ၊ ဝဲကြီးစံပြကျေးရွာ၊ ရေကျော်ကြီးကျေးရွာ၊ ရေကျော်လေးကျေးရွာနှင့် ဘားကပ်စံပြဈေးများသို့ သွားရောက်၍ ပြည်သူများအား COVID-19 ကူးစက်ရောဂါနှင့်ပတ်သက်၍ အသိပညာပေးလုပ်ငန်းများဆောင်ရွက်ခဲ့ပါသည်။
Source: DDM