ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန သတင်း

  လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ သထုံခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၄-၂-၂၀၂၂) ရက်နေ့(၁၃:၁၀)နာရီ   အချိန်ခန့်တွင်မွန်ပြည်နယ် သထုံခရိုင်၊ ပေါင်မြို့နယ် ဆားဖိုစုရပ်ကွက်၊ နယ်မြေ (၄)တွင် နေအိမ် ​မီးဖို မီးကြွင်းမီးကျန်မှတဆင့် မီးကူးစက်လောင်ကျွမ်းမှုကြောင့် လုံးဝ ပျက်စီးခဲ့သည့် လူနေအိမ်(၄)လုံးတို့အတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၇၀၀,၀၀ဝ) ကျပ်နှင့် လူဦးရေ စုစုပေါင်း(၁၁)ဦးတို့အတွက်  (၇)ရက်စာ ဆန်ရိက္ခာဖိုးထောက်ပံ့ငွေ (၂၃,၁၀ဝ) ကျပ်၊ စုစုပေါင်းထောက် ပံ့ငွေ (၇၂၃,၁၀ဝ) ကျပ်အားလည်းကောင်း လုံးဝပျက်စီးလူနေအိမ် (၃)လုံးတို့အတွက် ကယ်ဆယ်ရေးပစ္စည်း(၁၆)မျိုး၊ အိမ်ထောင်စု(၃)စုစာအတွက် တန်ဖိုးငွေ (၁၃၈,၁၀၈) ကျပ်နှင့် ကယ်ဆယ်ရေးပစ္စည်း(၁၇)မျိုး၊ အိမ်ထောင်စု(၁)စုစာအတွက် တန်ဖိုးငွေ (၄၉,၀၃၆) ကျပ်အား (၇-၂-၂၀၂၂)ရက်နေ့ (၁၃:၀၀) နာရီအချိန်ခန့်တွင် ပေါင်မြို့နယ်၊ ဆားဖိုစုကျေးရွာအုပ်ချုပ်ရေးမှူးရုံး၌ ဘေးသင့်ပြည်သူများထံ သွားရောက်ထောက်ပံ့ပေးခဲ့ပါသည်။


Source: DDM

နောက်ဆုံးရသတင်းများ

ကသာမြို့၌ ဧရာဝတီမြစ်ရေကြီးခြင်းနှင့်ပတ်သက်၍ သတိပြုနေထိုင်ရေးနှင့် ကြိုတင်ပြင်ဆင်နိုင်ရေး အသိပညာပေးနှိုးဆော်ခြင်းနှင့် ရေဘေးအသိပညာပေးလက်ကမ်းစာစောင်များဖြန့်ဝေခြင်း ဆောင်ရွက်မှုသတင်း

MOS

DSW

DDM

DOR