လူမှုဝန်ထမ်း၊
ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ
ပြည်နယ်ဦးစီးမှူး၊ ခရိုင်ဦးစီးမှူးတို့နှင့် ဝန်ထမ်းများ၊ ကရင်ပြည်နယ် လူမှုဝန်ထမ်းဦးစီးဌာနမှ
တာဝန်ရှိသူများနှင့် ကရင်ပြည်နယ်အစိုးရအဖွဲ့ဝင်
လူမှုရေးရာဝန်ကြီးသည် (၁.၉.၂၀၂၆) ရက်နေ့၌
ယာယီရေဘေးကယ်ဆယ်ရေးစခန်းတွင် ရေဘေးသင့်ပြည်သူများအား ဆန်၊ ဆီ၊ ကြက်ဥတို့ကို
အိမ်ထောင်စု (၂၁၂)စု၊ လူဦးရေ (၉၄၈)ဦးအတွက် (၇)ရက်စာ ဆန်ရိက္ခာဖိုးငွေ (၄,၇၄၀,၀၀ဝိ/-)အားလည်းကောင်း၊
ရွှေယဉ်မျှော် ယာယီရေဘေးကယ်ဆယ်ရေးစခန်းတွင် အိမ်ထောင်စု (၁၄၁)စု၊ လူဦးရေ
(၇၁၅)ဦးအတွက် (၇)ရက်စာ ဆန်ရိက္ခာဖိုးငွေ (၃,၅၇၅,၀၀ဝိ/-)အား
လည်းကောင်း၊ လေသာဘုန်းကြီးကျောင်း ယာယီရေဘေးကယ်ဆယ်ရေးစခန်းတွင် အိမ်ထောင်စု
(၄၁)စု၊ လူဦးရေ (၁၈၆)ဦးအတွက် (၇)ရက်စာ ဆန်ရိက္ခာဖိုးငွေ (၉၃၀,၀၀ဝိ/-)အားလည်းကောင်း၊
အထက(၃) ယာယီရေဘေး ကယ်ဆယ်ရေးစခန်းတွင် အိမ်ထောင်စု(၂၀၂)စု၊ လူဦးရေ (၈၉၄)ဦး အတွက်
(၇)ရက်စာ ဆန်ရိက္ခာ ဖိုးငွေ (၄,၄၇၀,၀၀ဝိ/-) အားလည်းကောင်း၊ ပြည်နယ်ကမ္မဌာန်း
ကျောင်း ယာယီရေဘေး ကယ်ဆယ် ရေးဘေးစခန်းတွင် အိမ်ထောင်စု (၆၃)စု၊ လူဦးရေ (၂၇၄)ဦး အတွက်
(၇)ရက်စာ ဆန်ရိက္ခာဖိုးငွေ (၁,၃၇၀,၀၀ဝိ/-)အား လည်းကောင်း၊
အစ္စလာမ်ဗလီ ယာယီရေ ဘေးကယ်ဆယ်ရေးစခန်းတွင် အိမ်ထောင်စု (၂၁)စု၊ လူဦးရေ
(၈၆)ဦးအတွက် (၇)ရက်စာ ဆန် ရိက္ခာဖိုးငွေ (၄၃၀,၀၀ဝိ/-)အားလည်းကောင်း၊
(၂.၉.၂၀၂၆) ရက်နေ့၊ (၁၆:၃၀)နာရီအချိန်တွင် ရေဘေးသင့်ပြည်သူများအား
လက်ဝယ်အရောက်သွားရောက် ထောက်ပံ့ပေးအပ်ခဲ့ပါသည်။
Source:DDM





