လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ သထုံခရိုင်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် (၆-၈-၂၀၂၁)ရက်နေ့ (၀၃း၀၀) နာရီအချိန်ခန့်တွင် မွန်ပြည်နယ်၊ သထုံခရိုင်၊ သထုံမြို့နယ် ကျုံပါကျေးရွာအုပ်စု၊ နောင်ဘိုကျေးရွာ၌ လေပြင်းတိုက်ခတ်မှုကြောင့် တစ်စိတ်တစ်ပိုင်းပျက်စီးခဲ့သည့် လူနေအိမ်(၁)လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးငွေထောက်ပံ့ငွေ(၆၀,၀၀၀/-)ကျပ်နှင့် ဘေးသင့်လူဦးရေစုစုပေါင်း(၆)ဦးတို့အတွက် (၇)ရက်စာဆန်ရိက္ခာဖိုးငွေထောက်ပံ့ငွေ (၁၂,၆၀၀/-)ကျပ်၊ စုစုပေါင်းထောက်ပံ့ငွေ (၇၂,၆၀၀/-)ကျပ်အား(၉-၈-၂၀၂၁)ရက်နေ့ (၁၂း၃၀)နာရီအချိန်ခန့်တွင် သထုံမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့်အတူ ဘေးသင့်ပြည်သူများထံသို့ သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ပါသည်။
Source: DDM