ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန သတင်း

လူမှုဝန်ထမ်း၊ကယ်ဆယ်ရေး နှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဦးစီးဌာန ၊ ရန်ကုန်တိုင်းဒေသကြီး ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည်  အလုံခရိုင်၊ အလုံမြို့နယ်၊ စောရန်ပိုင်တောင်ရပ်ကွက်၊ နှင်းဆီလမ်းတွင် (၈-၂-၂၀၂၃)ရက်နေ့ အမှတ်(၇၄) ၆လွှာ(အေ) နေအိမ်တိုက်ခန်း၏ အိပ်ခန်းအတွင်း ထွန်းထားသော (၄)ပေ မီးချောင်းအပူလွန်ကဲ၍ ဝါယာရှော့ဖြစ်ပြီး အိပ်ယာပေါ် မီးပွားကျရာမှ မီးလောင်မှုဖြစ်ပွားခဲ့ခြင်းကြောင့် အမှတ်(၇၄)၊ (၈)လွှာ(အေ)ရှိ လူ(၁)ဦး မီးခိုးမွှန်၍ သေဆုံးသွားပါသဖြင့် သေဆုံးသူ(၁)ဦးအတွက် သေဆုံးထောက်ပံ့ငွေ(၃၀၀,၀၀ဝိ/-)အား (၁၃-၂-၂၀၂၃) ရက်နေ့တွင် အလုံမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူများနှင့်အတူ ပြည်သူများ၏ လက်ဝယ်အရောက် ထောက်ပံ့ပေးအပ်ခဲ့ပါသည်။

Source: DDM

နောက်ဆုံးရသတင်းများ

ကျိုက်ထိုမြို့၊ ကံ့ကော်ရပ်ကွက်၊ ဆေးရုံလမ်းဆုံနှင့် ကျိုက်ထီးရိုးဘုရားလမ်းခွဲ (Denko ဆီဆိုင်လမ်းဆုံ)၊ ဇေယျာမွန်ရပ်ကွက်၊ တောင်သူစုရပ်ကွက်၊မြောက်ပိုင်းရပ်ကွက်၊ ကော့စံနိုင်ရပ်ကွက်တို့၌ လတ်တလောဖြစ် ပေါ်နေသည့်အားကောင်းသော မုန်တိုင်းငယ်သတိပေးချက်များနှင့်စပ်လျဉ်၍ ဆောင်ရန်/ ရှောင်ရန်များအား လှည့်လည်အသိပေးနှိုးဆော်မှုသတင်း

MOS

DSW

DDM

DOR