လူမှု၀န်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေး၀န်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဧရာ၀တီတိုင်းဒေသကြီးဦးစီးမှူးရုံးနှင့် ပုသိမ်ခရိုင်ဦးစီးမှူးရုံးမှ တာ၀န်ရှိသူများသည် (၁၇-၈-၂၀၂၂)ရက်နေ့၌ ပုသိမ်ခရိုင်၊ ပုသိမ်မြို့နယ်၊ တောင်တန်းကုန်းကျေးရွာအုပ်စု၊ မဏ္ဍပ်ကျေးရွာ၊ ရှမ်းတောကျေးရွာနှင့် ရေငန်းစမ်းကျေးရွာတို့တွင် ရေဘေးဖြစ်ပွားခဲ့ရာ အဆိုပါရေဘေးကြောင့် ပြိုကျပျက်စီးနေအိမ်(၇)လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ(၇၀၀,၀၀ဝ/-)ကျပ်၊ တစ်စိတ်တစ်ပိုင်းပျက်စီးနေအိမ်(၅၅)လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေကျပ်(၁,၆၅၀,၀၀ဝ/-)ကျပ်အားလည်းကောင်း ကံ့ကော်ကြောကျေးရွာတွင် ရေဘေးကြောင့် ပြိုကျပျက်စီးနေအိမ်(၁)လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ(၁၀၀,၀၀ဝ/-)ကျပ်၊ ဘေးသင့်လူဦးရေ(၆)ဦးအတွက် (၇)ရက်စာဆန်ရိက္ခာဖိုးထောက်ပံ့ငွေ(၁၂,၆၀ဝ/-)ကျပ်၊ ကယ်ဆယ်ရေးပစ္စည်းနှင့် စုစုပေါင်းထောက်ပံ့ငွေ(၂,၄၆၂,၆၀ဝ/-)ကျပ်အားလည်းကောင်း ရွာဟောင်းကြီးအုပ်စု၊ ရွာဟောင်းကြီးကျေးရွာနှင့် စာရေးကွင်းကျေးရွာတို့ရှိ ရေဘေးသင့်ပြည်သူများအတွက် ကာဘော်လိပ်ဆပ်ပြာများအား (၁၉-၈-၂၀၂၂)ရက်နေ့တွင် ဘေးသင့်ပြည်သူများလက်၀ယ်အရောက် ထောက်ပံ့ပေးအပ်ခဲ့ပါသည်။
Source: DDM