လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ သထုံခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ခရိုင်လူမှုဝန်ထမ်းဦးစီးဌာနနှင့်ပူးပေါင်း၍ (၁၄-၁၂-၂၀၂၂) ရက်နေ့၊ (၁၄း၀၀)နာရီအချိန်မှ (၁၅း၃၀)နာရီအချိန် ထိမွန်ပြည်နယ်၊ သထုံခရိုင်၊ သထုံ မြို့နယ်၊ သိမ်ကုန်းရပ်ကွက်၊ အ.ထ.က(၄) သထုံရှိ ကျောင်းသား/သူအင်အား(၁၀၀)ဦးခန့်အား သဘာဝဘေးအန္တရာယ်ဆိုင်ရာအသိပညာပေးနှင့်ပတ်သက်၍ သိရှိလိုက်နာဆောင်ရွက်ရမည့် ဆောင်ရန်/ ရှောင်ရန်အချက်များအားဟောပြောဆွေးနွေးခြင်း၊ လက်ကမ်းစာစောင်ဖြန့်ဝေခြင်းနှင့် ဗီနိုင်းပိုစတာဖြန့်ဝေခြင်းတို့အား ဆောင်ရွက်ခဲ့ပါသည်။
Source: DDM