Covid-19 ကူးစက်ရောဂါနှင့်စပ်လျဉ်းသည့် အသိပညာပေးဆောင်ရွက်မှုသတင်း
၀၉ စက်တင်ဘာ ၂၀၂၁
လှုမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊
ဘေးအန္တရာယ်ဆိုင်ရာစီမံ ခန့်ခွဲမှုဦးစီးဌာန၊ ကျိုင်းတုံခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၈-၉-၂၀၂၁) ရက်နေ့၊
ညနေပိုင်း တွင် ကျိုင်းတုံမြို့နယ်၊ နောင်ကုန်ကျေးရွာအုပ်စု၊ နောင်ကုန်စံပြကျေးရွာ၊
အားခေကျေးရွာ၊ ဟိုခို ကျေးရွာ၊ ကျိုင်းလိတ်ကျေးရွာ၊ ဝမ်ကမ်ကျေးရွာနှင့် မိုင်းလတ်(အာခါ)
ကျေးရွာတို့တွင် Covid – 19 ရောဂါတတိယလှိုင်းကူးစက်ပျံ့နှံ့မှုပိုမိုမဖြစ်ပွားစေရန်အတွက်
ဆောင်ရန်/ရှောင်ရန် အချက်များကို အသံချဲ့စက်ဖြင့် နှိုးဆော်ခြင်း၊ Covid – 19 ရောဂါ
အသိပညာပေးလက်ကမ်း စာစောင်နှင့် တစ်ခါသုံး Mask များ ဝေငှခြင်း အစီအစဉ်တို့ကို ဆောင်ရွက်ခဲ့ပါသည်။
Source: DDM