ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန သတင်း

နေပြည်တော်၊ ဇွန် ၁၀

 

(၃၈) ကြိမ်မြောက် အာဆီယံ သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲမှုကော်မတီအစည်းအဝေးနှင့် ဆက်စပ် အစည်းအဝေးများဖြစ်သည့် အာဆီယံ သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုကော်မတီ (ACDM) နှင့် တရုတ် နိုင်ငံ၊ ဂျပန်နိုင်ငံတို့အကြား ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ ညှိနှိုင်းအစည်းအဝေးများနှင့် အာဆီယံ ကဏ္ဍအလိုက်အဖွဲ့အစည်းများ၏အစည်းအဝေးကို (၁၀-၆-၂၀၂၁)ရက်နေ့၊ မြန်မာစံတော်ချိန် (၀၈:၃၀) နာရီအချိန်မှစ၍ Video Conferencing ဖြင့်ကျင်းပပြုလုပ်ရာ အာဆီယံအဖွဲ့ဝင်နိုင်ငံများမှ ဘေး အန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုနှင့်သက်ဆိုင်သည့်ဌာနများမှ ကိုယ်စားလှယ်များ၊ အာဆီယံအတွင်းရေးမှူး ချုပ်ရုံး၊  AHA Centre၊ တရုတ်နိုင်ငံနှင့် ဂျပန်နိုင်ငံတို့မှတာဝန်ရှိသူများနှင့် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေး နှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ အမြဲတမ်းအတွင်းဝန်/ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီး ဌာန၊ ညွှန်ကြားရေးမှူးချုပ်၊ ဒေါက်တာကိုကိုနိုင်နှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပါသည်။

နံနက်ပိုင်းအစီအစဉ်အဖြစ် ACDM နှင့် တရုတ်နိုင်ငံ၊ ဂျပန်နိုင်ငံတို့အကြား သဘာဝဘေးအန္တရာယ်စီမံ ခန့်ခွဲရေးလုပ်ငန်းများနှင့်စပ်လျဉ်း၍ သဘာဝဘေးစီမံခန့်ခွဲရေးနှင့် အရေးပေါ်တုံ့ပြန်ရေးဆိုင်ရာ အာဆီယံသဘောတူစာချုပ်၏ လုပ်ငန်းအစီအစဉ် (AADMER Work Programme–AWP) (၂၀၂၁-၂၀၂၅)နှင့်အညီ ပူးပေါင်းအကောင်အထည်ဖော်ဆောင်ရွက်မည့် လုပ်ငန်းအစီအစဉ်များ၊ လုပ်ငန်း ဧရိယာများကို ဆွေးနွေးခဲ့ကြပါသည်။

မွန်းလွဲပိုင်းတွင် အာဆီယံ၏ကဏ္ဍအလိုက်အဖွဲ့အစည်းများဖြစ်သော Senior Officials Meeting (SOM), ASEAN Defence Senior Officials Meeting (ADSOM), Senior Officials Meeting on Health Development (SOMHD), Senior Officials Meeting on Social Welfare and Development (SOMSWD) တို့မှ လုပ်ငန်းတိုးတက်ဆောင်ရွက်နိုင်မှုအခြေအနေများ၊ COVID-19 ကူးစက်ရောဂါတုံ့ပြန်ဆောင်ရွက်နေမှုအစီအစဉ်များနှင့် ဒေသတွင်းစီမံကိန်းများတွင် ပူးပေါင်းဆောင် ရွက်မှုအခြေအနေများ ဆွေးနွေးခဲ့ကြပါသည်။

Source: DDM 

နောက်ဆုံးရသတင်းများ

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဥတ္တရခရိုင်၊ တပ်ကုန်းမြို့နယ်၊ ညောင်တုန်းအိုင်ကျေးရွာအုပ်စု၊ ညောင်တုန်းအိုင်ကျေးရွာ၊ ဗျိုင်းအင်းကျေးရွာအုပ်စု၊ ဗျိုင်းအင်းကျေးရွာ၊ ခရမ်းစပ်ကုန်းကျေးရွာအုပ်စု၊ ခရမ်းစပ်ကုန်းကျေးရွာနှင့် ရေအေးကျေးရွာအုပ်စု၊ ရေအေးကျေးရွာတို့၌ ဖြစ်ပွားသော လေဘေးအတွက် ထောက်ပံ့မှုသတင်း
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဥတ္တရခရိုင်၊ တပ်ကုန်းမြို့နယ်၊ မြောက်မြိုက်ကျေးရွာအုပ်စု၊ ဒဟတ်ကုန်းကျေးရွာ၊ အေးချမ်းသာစံပြကျေးရွာအုပ်စု၊ အေးချမ်းသာစံပြကျေးရွာ၊ ကျေးချောင်းကျေးရွာအုပ်စု၊ မိုးနှံကုန်း၊ ထရံကာ၊ သော်တာ၊ ကျေးချောင်း မြောက်ကျေးရွာတို့၌ ဖြစ်ပွားသော လေဘေးအတွက် ထောက်ပံ့မှုသတင်း

MOS

DSW

DDM

DOR