ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန သတင်း

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဘားအံ ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် လူမှုဝန်ထမ်းဦးစီးဌာန၊ ပြန်လည်ထူထောင်ရေးဦးစီးဌာနတို့နှင့်ပူးပေါင်း၍ (၁၇-၆-၂၀၂၄) ရက်နေ့၊ (၁၀:၀၀)အချိန်မှ (၁၂:၀၀) အချိန်ထိ ဘားအံမြို့၊ အ.ထ.က (၄) စာသင်ကျောင်း၌ ကျောင်းသား/သူ စုစုပေါင်း (၁၈၀)ဦး တို့အား ဘားအံခရိုင်ဦးစီးမှူးရုံးမှ သဘာဝဘေးအန္တရာယ်နှင့်ပတ်သက်သည့် ဆောင်ရန်/ရှောင်ရန်အချက်များ၊ သဘာဝပတ်ဝန်း ကျင်ဆိုင်ရာကိစ္စရပ်များနှင့် တောမီးအန္တရာယ်နှင့်ရာသီဥတုပြောင်းလဲမှုဆိုင်ရာကိစ္စရပ်များ ဆွေးနွေးဟောပြောခြင်း၊ လူမှုဝန်ထမ်း ဦးစီးဌာနမှ အမျိုးသမီးများနှင့်အရေးပေါ်အခြေအနေများဆိုင်ရာကိစ္စရပ်များ ဆွေးနွေးဟောပြောခြင်း၊ ပြန်လည်ထူထောင်ရေး ဦးစီးဌာနမှ မသန်စွမ်းသူများ၏ အခွင့်အရေးများဆိုင်ရာကိစ္စရပ်များ ဆွေးနွေးဟောပြောခဲ့ပါသည်။ ထို့အပြင် ကျောင်းဝန်းအတွင်း၌  ဗီနိုင်းပိုစတာကပ်နှံနိုင်ရေးအတွက် လေပြင်းဘေးအသိပညာပေး ဗီနိုင်းပိုစတာပေးအပ်ခြင်းများ ဆောင်ရွက်ခဲ့ပါသည်။


Source:  DDM

နောက်ဆုံးရသတင်းများ

ကသာမြို့၌ ဧရာဝတီမြစ်ရေကြီးခြင်းနှင့်ပတ်သက်၍ သတိပြုနေထိုင်ရေးနှင့် ကြိုတင်ပြင်ဆင်နိုင်ရေး အသိပညာပေးနှိုးဆော်ခြင်းနှင့် ရေဘေးအသိပညာပေးလက်ကမ်းစာစောင်များဖြန့်ဝေခြင်း ဆောင်ရွက်မှုသတင်း

MOS

DSW

DDM

DOR