ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန သတင်း

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ တနင်္သာရီတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ထားဝယ်မြို့၊ အမှတ်(၄) အခြေခံပညာအထက်တန်းကျောင်းတွင် (၂၈-၁၂-၂၀၂၂) ရက်နေ့၌ မီးဘေးအန္တရာယ်အသိပညာပေးဟောပြောခြင်း၊ (၂၉-၁၂-၂၀၂၂) ရက်နေ့တွင် မီးဘေးအန္တရာယ်သဏ္ဌာန်တူဇာတ်တိုက်လေ့ကျင့်ခန်းကို ဆရာ/ဆရာမများ၊ ကျောင်းသား/သူများ မီးဘေးနှင့်ပတ်သက်၍ အသိပညာဗဟုသုတရရှိစေရန်၊ မီးဘေး အမှန်တကယ်ကြုံတွေ့ရသောအခါ စနစ်တကျ တုံ့ပြန်ဆောင်ရွက်တတ်စေရန်၊ တုံ့ပြန်ဆောင်ရွက်ခြင်းနှင့် ကြိုတင်သတိပေးခြင်းအတွက် အားနည်းချက်/ အားသာချက်များကို သိရှိဖော်ထုတ်ဖြည့်စွက်ဆောင်ရွက်ရန် ရည်ရွယ်၍ တိုင်းဒေသကြီးအစိုးရအဖွဲ့၊ တိုင်းဒေသကြီးအဆင့်ဌာနဆိုင်ရာများနှင့် တိုင်းဒေသကြီးကြက်ခြေနီတပ်ဖွဲ့တို့နှင့် ပူးပေါင်း၍ ကျင်းပပြုလုပ်ခဲ့ပါသည်။ အဆိုပါအခမ်းအနားသို့ တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးများနှင့် ဌာနဆိုင်ရာများမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ပါသည်။

Source: DDM

နောက်ဆုံးရသတင်းများ

ကသာမြို့၌ ဧရာဝတီမြစ်ရေကြီးခြင်းနှင့်ပတ်သက်၍ သတိပြုနေထိုင်ရေးနှင့် ကြိုတင်ပြင်ဆင်နိုင်ရေး အသိပညာပေးနှိုးဆော်ခြင်းနှင့် ရေဘေးအသိပညာပေးလက်ကမ်းစာစောင်များဖြန့်ဝေခြင်း ဆောင်ရွက်မှုသတင်း

MOS

DSW

DDM

DOR