ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန သတင်း

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မုဒုံမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် လူမှုဝန်ထမ်းဦးစီးဌာန၊ မုဒုံမြို့နယ်ကြက်ခြေနီအသင်းခွဲတို့နှင့်ပူးပေါင်း၍ ဘာသာရပ်အလိုက် "ကလေးသူငယ်အခွင့်အရေးကိုယ်တိုင်သိရှိနားလည်ရေး၊ ကြိုတင်ကာကွယ်သဘာဝဘေးအန္တရာယ်၊ မူးယစ်အန္တရာယ်လူ့ရန်စွယ်၊ လူကုန်ကူးခြင်းကင်းဝေးဖို့အားလုံးဝိုင်းဝန်းပူးပေါင်းစို့၊ မိုင်းအန္တရာယ်အသိပညာပေးခြင်း" ခေါင်းစဉ်များဖြင့် အသိပညာပေးဆွေးနွေးပွဲအား မုဒုံမြို့၊ အ.ထ.က(၁) အခြေခံပညာအထက်တန်းကျောင်း၌ ဆရာ/ဆရာမများနှင့် ကျောင်းသား/ကျောင်းသူဦးရေ (၁၃၅)ဦးတို့အား (၁၄-၁၂-၂၀၂၀) ရက်နေ့၊ နံနက်(၁၀းဝဝ) အချိန်မှ(၁၂းဝဝ)အချိန်ထိ  ကျင်းပပြုလုပ်ခဲ့ပြီး လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ပါသည်။

Source: DDM

နောက်ဆုံးရသတင်းများ

ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ မြောင်းမြမြို့နယ်၊ လေးအိမ်တန်းကျေးရွာအုပ်စု၊ လေးအိမ်တန်း ကျေးရွာနှင့် မြင်းကချောင်းကျေးရွာ၌ လေပြင်းဘေးထောက်ပံ့ပြီးစီးမှု သတင်း
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ်၊ ဘုရားကြီးကုန်းကျေးရွာအုပ်စု၊ ဆင်ဆိပ်ကျေးရွာ၌ လေပြင်းဘေးကြိုတင် ကာကွယ်ရေးလုပ်ငန်းများ ဆောင်ရွက်မှုသတင်း
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ်၊ ဘုရားကြီးကုန်းကျေးရွာအုပ်စု၊ ပင်တောကျေးရွာ၌ လေပြင်းဘေးကြိုတင် ကာကွယ်ရေးလုပ်ငန်းများဆောင်ရွက်မှုသတင်း

MOS

DSW

DDM

DOR