လူမှု၀န်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေး၀န်ကြီးဌာန၊
ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ညောင်တုန်းမြို့နယ်ဦးစီမှူးရုံးမှတာ၀န်ရှိသူများသည်
ညောင်တုန်းမြို့နယ်၊ ဂန်ချောင်းကျေးရွာအုပ်စု၊ ဂန်ချောင်းကျေးရွာ၌ (၁၃-၇-၂၀၂၂)ရက်နေ့နှင့်
(၁၅-၇-၂၀၂၂) ရက်နေ့တို့တွင် ကမ်းပြိုဘေးဖြစ်ပွားခဲ့ရာ အဆိုပါကမ်းပြိုဘေးကြောင့် ဘေးသင့်နေအိမ်(၅)လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ(၅၀၀,၀၀၀/-)ကျပ်၊ ဘေးသင့်လူဦးရေ(၁၆)ဦးအတွက်
ဆန်ရိက္ခာ(၇)ရက်စာဖိုး ထောက်ပံ့ငွေ(၃၃,၆၀၀/-)ကျပ်၊ စုစုပေါင်းထောက်ပံ့ငွေ(၅၃၃,၆၀၀/-)ကျပ်အားလည်းကောင်း၊
(၁၆-၇-၂၀၂၂) ရက်နေ့၌ မြစ်ကမ်းပါးပြိုကျမှုကြောင့် သေဆုံးသူ(၁)ဦးအတွက် ထောက်ပံ့ငွေ(၃၀၀,၀၀၀/-)ကျပ်တို့အား
(၁၆-၇-၂၀၂၂) ရက်နေ့ (၁၁း၃၀) နာရီအချိန်တွင် ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ကွင်းဆင်းကြည့်ရှု၍
ထောက်ပံ့ပေးအပ်ခဲ့ပါသည်။
Source: DDM