ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန သတင်း


ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ မြောက်ဥက္ကလာပမြို့နယ်၊ (ဆ) ရပ်ကွက်၊ ခေမာသီ (၃)လမ်းတွင် (၂၂-၁-၂၀၂၁)ရက်နေ့၊ (၁၇:၂၅)နာရီအချိန်၌ မီးလောင်မှုဖြစ်ပွားခဲ့ရာ နေအိမ် တိုက်ခန်း (၁)ခန်း မီးလောင်ဆုံးရှုံးခဲ့ပြီး၊ အိမ်ထောင်စု (၁)စုမှ လူဦးရေ (၇)ဦးတို့ မီးဘေး သင့်ခဲ့ပါသဖြင့် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေကျပ် (၂၀၀,၀၀၀/-)၊ လူဦးရေ (၇)ဦး အတွက် ဆန်ရိက္ခာဖိုးထောက်ပံ့ငွေကျပ် (၁၄,၇၀၀/-)နှင့် ကယ်ဆယ်ရေးပစ္စည်း (၁၆)မျိုး (၁) အိမ်ထောင်စုစာတို့အား အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူများနှင့်အတူ ဘေးသင့်ပြည်သူများထံသို့ (၂၅-၁-၂၀၂၁) ရက်နေ့၊ (၁၁:၀၀)နာရီအချိန်၌ သွားရောက် ထောက်ပံ့ပေးခဲ့ခြင်းအားလည်းကောင်း၊

မကွေးတိုင်းဒေသကြီး၊ မင်းဘူးမြို့၊ အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း၌ ဖွင့်လှစ်ထားရှိသော Quarantine center သို့ ပစ္စည်း(၅)မျိုးပါ Hygiene Kit-E (၇၅)ပုံးအား (၂၅-၁-၂၀၂၁)ရက်နေ့တွင် ထောက်ပံ့ပေးခဲ့ခြင်းအား လည်းကောင်း၊

သောက်သုံးရေခက်ခဲသော မကွေးမြို့နယ်၊ ကြာကန်ကျေးရွာအုပ်စု၊ ကြာကန်ကျေးရွာ (အရှေ့ပိုင်း) ရှိ အိမ်ခြေ (၁၁၅) လုံး၊ အိမ်ထောင်စု(၁၂၆)စု၊ လူဦးရေ (၅၇၉) ဦးတို့အတွက် သောက်သုံးရေဂါလံ (၆,၀၀၀) အား ( ၂၅- ၁-၂၀၂၁) ရက်နေ့ ( ၁၁: ၀၀ ) နာရီအချိန်တွင် သွားရောက်ဖြန့်ဝေခြင်းကို လည်းကောင်း၊

ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့နယ်၊ စက်မှုဇုန် ကယ်ဆယ်ရေးစခန်းရှိ တိုက်ပွဲရှောင် အိမ်ထောင်စု(၂၄၃)စု၊ လူဦးရေ(၉၆၈)ဦးတို့အတွက် ဆန်ရိက္ခာ(၁)လစာကို (၂၃-၁-၂၀၂၁) ရက်နေ့တွင် သွားရောက်ထောက်ပံ့ခဲ့ခြင်းအားလည်းကောင်း လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနမှ တာဝန်ရှိသူများက ဆောင်ရွက်ခဲ့ပါသည်။

Source:EOC

နောက်ဆုံးရသတင်းများ

ပျဉ်းမနားမြို့နယ်၊ အေးချမ်းမွန် မူကြိုကျောင်းနှင့် ကိုးခမ်းကြီး ဓမ္မစကူးလ်ကျောင်းတို့၌ သဘာဝဘေး အန္တရာယ်များနှင့်ပတ်သက်၍ အသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်မှုသတင်း
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဥတ္တရခရိုင်၊ တပ်ကုန်းမြို့နယ်၊ ညောင်တုန်းအိုင်ကျေးရွာအုပ်စု၊ ညောင်တုန်းအိုင်ကျေးရွာ၊ ဗျိုင်းအင်းကျေးရွာအုပ်စု၊ ဗျိုင်းအင်းကျေးရွာ၊ ခရမ်းစပ်ကုန်းကျေးရွာအုပ်စု၊ ခရမ်းစပ်ကုန်းကျေးရွာနှင့် ရေအေးကျေးရွာအုပ်စု၊ ရေအေးကျေးရွာတို့၌ ဖြစ်ပွားသော လေဘေးအတွက် ထောက်ပံ့မှုသတင်း

MOS

DSW

DDM

DOR