ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန သတင်း

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ရေကြည်မြို့နယ်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် (၂၄-၇-၂၀၂၄) ရက်နေ့တွင် ကျုံပျော်ခရိုင်၊ ရေကြည်မြို့နယ်၊ နှောကုန်းကျေးရွာအုပ်စု၊ နှောကုန်းကျေးရွာတွင် ငဝန်မြစ်ရေတက်မှုကြောင့် နှောကုန်း ဘုန်းတော်ကြီးကျောင်းသို့ ယာယီပြောင်းရွှေ့နေထိုင်သည့်အိမ်ထောင်စု (၁၅) စုရှိ လူဦးရေ (၆၀) ဦးတို့ အတွက် ဆန်ရိက္ခာဖိုးထောက်ပံ့ငွေ (၁၂၆,၀၀၀ိ/-) အား (၂၅-၇-၂၀၂၄) ရက်နေ့ (၁၂:၃၀) နာရီအချိန်တွင် တာဝန်ရှိသူများနှင့်အတူ ဘေးသင့်သူများလက်ဝယ်အရောက် ထောက်ပံ့ပေးအပ်ခဲ့ပါသည်။

Source: DDM

နောက်ဆုံးရသတင်းများ

ကျိုက်ထိုမြို့၊ ကံ့ကော်ရပ်ကွက်၊ ဆေးရုံလမ်းဆုံနှင့် ကျိုက်ထီးရိုးဘုရားလမ်းခွဲ (Denko ဆီဆိုင်လမ်းဆုံ)၊ ဇေယျာမွန်ရပ်ကွက်၊ တောင်သူစုရပ်ကွက်၊မြောက်ပိုင်းရပ်ကွက်၊ ကော့စံနိုင်ရပ်ကွက်တို့၌ လတ်တလောဖြစ် ပေါ်နေသည့်အားကောင်းသော မုန်တိုင်းငယ်သတိပေးချက်များနှင့်စပ်လျဉ်၍ ဆောင်ရန်/ ရှောင်ရန်များအား လှည့်လည်အသိပေးနှိုးဆော်မှုသတင်း

MOS

DSW

DDM

DOR