လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် (၁၈.၁.၂၀၂၂)ရက်နေ့၊ (၁၆:၂၀)နာရီအချိန်တွင် ဖြစ်ပွားသော ရန်ကုန်အနောက်ပိုင်းခရိုင်၊ မရမ်းကုန်းမြို့နယ်၊ အမှတ်(၈)ရပ်ကွက်၊ အုတ်ပုံဆိပ်လမ်းတွင် မီးလောင်ကျွမ်းမှုကြောင့်အိမ်ခြေ (၁)လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ(၂၀၀,၀၀ဝိ/-)၊ လူဦးရေ (၁၄)ဦးအတွက် ဆန်ရိက္ခာဖိုးငွေ(၂၉၄၀ဝိ/-)၊ စုစုပေါင်းထောက်ပံ့ငွေ(၂၂၉၄၀ဝိ/-)ကျပ်အား (၂၀.၁.၂၀၂၂)ရက်နေ့ (၁၁:၀၀)နာရီအချိန်တွင် မရမ်းကုန်းမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူများနှင့်အတူ ပြည်သူများ၏လက်ဝယ်အရောက် ထောက်ပံ့ပေးအပ်ခဲ့ပါသည်။
Source:DDM