ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန သတင်း


လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ လပွတ္တာခရိုင် ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၄-၁-၂၀၂၃)ရက်နေ့၊ (၁၃း၀၀)နာရီအချိန်တွင် ခရိုင်မီးသတ်ဦးစီးဌာန၊ အထွေထွေအုပ်ချုပ် ရေးဦးဌာန၊ ကြက်ခြေနီတပ်ဖွဲ့၊ တပ်မတော်သားများနှင့်အတူ ပူးပေါင်း၍  လပွတ္တာမြို့နယ်၊ သင်္ဃန်းကြီးကျေးရွာအုပ်စု၊ ဇင်ရွဲလေး ကျေးရွာ၌ ဌာနဆိုင်ရာမှတာဝန်ရှိသူ (၄၀) ဦး၊ ဆရာ/ဆရာမ၊ ကျောင်းသား/ကျောင်းသား/သူ၊ ကျေးရွာပြည်သူ စုစုပေါင်း (၃၀၀) ဦးတို့ဖြင့် မုန်တိုင်းသဏ္ဍာန်တူ ဇာတ်တိုက်လေ့ကျင့်ခန်း ပြုလုပ်ဆောင်ရွက်ခြင်း၊ လက်ကမ်းစာစောင်များဝေငှခြင်းတို့ ဆောင်ရွက်ခဲ့ပါသည်။


Source: DDM

နောက်ဆုံးရသတင်းများ

ကသာမြို့၌ ဧရာဝတီမြစ်ရေကြီးခြင်းနှင့်ပတ်သက်၍ သတိပြုနေထိုင်ရေးနှင့် ကြိုတင်ပြင်ဆင်နိုင်ရေး အသိပညာပေးနှိုးဆော်ခြင်းနှင့် ရေဘေးအသိပညာပေးလက်ကမ်းစာစောင်များဖြန့်ဝေခြင်း ဆောင်ရွက်မှုသတင်း

MOS

DSW

DDM

DOR