ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန သတင်း

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ နေပြည်တော်တိုင်းဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ပျဉ်းမနားမြို့နယ်၊ မင်္ဂလာရပ်ကွက်၌ (၁၂-၄-၂၀၂၃)ရက်နေ့၊ (၉၀:၃၀) အချိန်တွင် မီးလောင်ကျွမ်းခဲ့ရာမှ မီးရထားဝန်ထမ်းအိမ်ရာ (၆)ခန်းတွဲ (၂)လုံးမှ လူနေအိမ်(၁၂)လုံး မီးလောင်ကျွမ်းခဲ့ပြီး အဆိုပါမီးဘေးကြောင့် လူ​နေအိမ် (၁၂)လုံးမှ မီးဘေးသင့် လူဦးရေ (၆၀)ဦး အတွက် ဆန်ရိက္ခာဖိုးထောက်ပံ့ငွေ(၁၂၆၀၀ဝိ/-) နှင့် (၄၈,၅၁၁/-)တန်ဖိုးရှိ ကယ်ဆယ်ရေးပစ္စည်း (၁၈)မျိုးပါထောက်ပံ့ပစ္စည်းပုံး(၁၂)ပုံးတို့အား (၁၂-၄-၂၀၂၃) ရက်နေ့၊(၁၅:၃၀)နာရီအချိန်တွင် ဘေးသင့်ပြည်သူများ လက်ဝယ်သို့ ‌ထောက်ပံ့ခဲ့ပါကြောင်း သတင်းရရှိပါသည်။

Source:  DDM

နောက်ဆုံးရသတင်းများ

ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ မြောင်းမြမြို့နယ်၊ လေးအိမ်တန်းကျေးရွာအုပ်စု၊ လေးအိမ်တန်း ကျေးရွာနှင့် မြင်းကချောင်းကျေးရွာ၌ လေပြင်းဘေးထောက်ပံ့ပြီးစီးမှု သတင်း
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ်၊ ဘုရားကြီးကုန်းကျေးရွာအုပ်စု၊ ဆင်ဆိပ်ကျေးရွာ၌ လေပြင်းဘေးကြိုတင် ကာကွယ်ရေးလုပ်ငန်းများ ဆောင်ရွက်မှုသတင်း
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ်၊ ဘုရားကြီးကုန်းကျေးရွာအုပ်စု၊ ပင်တောကျေးရွာ၌ လေပြင်းဘေးကြိုတင် ကာကွယ်ရေးလုပ်ငန်းများဆောင်ရွက်မှုသတင်း

MOS

DSW

DDM

DOR