ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန သတင်း

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မင်းလှမြို့နယ် ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် သာယာဝတီခရိုင်၊ အုတ်ဖိုမြို့နယ်၊ ကျေးရွာ အုပ်စု (၁၄)စု၊ ကျေးရွာ (၁၉)ရွာ၌ (၁၄-၅-၂၀၂၃) ရက်နေ့တွင် ဖြစ်ပွားခဲ့သော လေဘေးမှ ပြိုလဲပျက်စီးလူနေအိမ်(၁)လုံး၊ အမိုးလန်ပျက်စီးလူနေအိမ် (၂၁)လုံးတို့အတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ(၇၈၀,၀၀၀/-)ကျပ်၊ အိမ်ထောင်စု (၂၂)စုရှိ လူဦးရေ (၇၁)ဦးအတွက် ဆန်ရိက္ခာ(၇)ရက်စာ ဖိုးထောက်ပံ့ငွေ (၁၄၉,၁၀၀/-) ကျပ်၊ စုစုပေါင်း ထောက်ပံ့ငွေ (၉၂၉,၁၀ဝ/-)ကျပ်နှင့် ပြိုလဲနေအိမ်(၁)လုံးရှိ အိမ်ထောင်စု(၁)စုအတွက် လေးထောင့် ပလပ်စတစ်ပုံးအပါ ကယ်ဆယ်ရပစ္စည်း(၁၇)မျိုး(၁)ပုံးနှင့် စက္ကူကတ္ထူပုံး (၁)ပုံးတို့အား (၁၇-၅-၂၀၂၃) ရက်နေ့၊ နံနက်(၁၁:၀၀)နာရီအချိန်တွင် အုတ်ဖိုမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအ​ဝေးခန်းမ၌ တာဝန်ရှိသူများရှေ့မှောက်၌ ​ဘေးသင့်ပြည်သူများ လက်ဝယ်အရောက် သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ပါသည်။

Source: DDM

နောက်ဆုံးရသတင်းများ

ကျိုက်ထိုမြို့၊ ကံ့ကော်ရပ်ကွက်၊ ဆေးရုံလမ်းဆုံနှင့် ကျိုက်ထီးရိုးဘုရားလမ်းခွဲ (Denko ဆီဆိုင်လမ်းဆုံ)၊ ဇေယျာမွန်ရပ်ကွက်၊ တောင်သူစုရပ်ကွက်၊မြောက်ပိုင်းရပ်ကွက်၊ ကော့စံနိုင်ရပ်ကွက်တို့၌ လတ်တလောဖြစ် ပေါ်နေသည့်အားကောင်းသော မုန်တိုင်းငယ်သတိပေးချက်များနှင့်စပ်လျဉ်၍ ဆောင်ရန်/ ရှောင်ရန်များအား လှည့်လည်အသိပေးနှိုးဆော်မှုသတင်း

MOS

DSW

DDM

DOR