ဝန်ဆောင်မှုလုပ်ငန်း

 ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်၏ တတိယသုံးလပတ်မှစတင်၍ နိုင်ငံတော်၏ ဘဏ္ဍာရန်ပုံငွေနှင့် ကမ္ဘာ့ဘဏ်၏ အတိုးနှုန်းသက်သာသောချေးငွေ (IDA Loan) တို့မျှဝေကျခံသည့် Co-financing ဖြင့် ရှမ်းပြည်နယ်နှင့် ဧရာဝတီတိုင်းဒေသကြီးတွင်လည်း တိုးချဲ့အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ပါသည်။ 

ထိုသို့ဆောင်ရွက်ရာတွင် အခြားတိုင်းဒေသကြီး၊ ပြည်နယ်များနည်းတူ အကျိုးခံစားခွင့်ရှိသူ ကိုယ်ဝန်ဆောင်မိခင်များနှင့်၎င်းတို့မှမွေးဖွားလာသော အသက်(၂)နှစ်အောက်ကလေးသူငယ်များ အား တစ်ဦးလျှင်တစ်လကိုငွေ(၁၅,၀၀၀/-)ကျပ် နှုန်းဖြင့် သုံးလတစ်ကြိမ် ထောက်ပံ့ပေးလျက် ရှိပါသည်။ 

ဤအစီအစဉ်၏ ထူးခြားချက်အနေဖြင့် အကျိုးခံစားသူစာရင်းကောက်ယူခြင်းအား ပိုမိုတိကျ မှန်ကန်မှုရှိစေရန် ရည်ရွယ်၍ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနပံ့ပိုးကူညီမှုဖြင့် အကျိုးခံစားသူ စာရင်းကောက်ယူခြင်းအား Open Data Kit (ODK)ဖြင့် မိုဘိုင်းဖုန်းများကို အသုံးပြုသကဲ့သို့ ထောက်ပံ့ပေးမှုအပိုင်းတွင်လည်း ဧရာဝတီဘဏ်နှင့်ပူးပေါင်း၍ အကျိုးခံစားခွင့်ရှိသူ ကိုယ်ဝန် ဆောင်နှင့် အသက်(၂)နှစ်အောက် ကလေးများအား Mobile Payment နည်းလမ်းကို အသုံးပြု၍ စတင်ဆောင်ရွက်လျက်ရှိပါသည်။



၂၀၁၈-၂၀၁၉ခု၊ ဘဏ္ဍာရေးနှစ် စတုတ္ထသုံးလပတ် (ဇူလိုင်၊ ဩဂုတ်၊ စက်တင်ဘာ)အတွက် ချင်းပြည်နယ်၊ ဟားခါးခရိုင်၊ တီးတိန်မြို့နယ်မှ ကိုယ်ဝန်ဆောင်မိခင်များနှင့် ၎င်းတို့မှ မွေးဖွားလာသောအသက်(၂)နှစ်အောက်ကလေးသူငယ်များ အား ငွေကြေးထောက်ပံ့ခြင်းအစီအစဉ်တွင် ပြည်နယ်ဦးစီးမှူးက ငွေကြေးထောက်ပံ့ပေးအပ်ခြင်း

၂၀၁၉-၂၀၂၀ခု၊ဘဏ္ဍာရေးနှစ် ပထမသုံးလပတ် (အောက်တိုဘာ၊ နိုဝင်ဘာ၊ ဒီဇင်ဘာ) အတွက် ရခိုင်ပြည်နယ်၊ မောင်တောခရိုင်၊ မောင်တောမြို့နယ်မှ ကိုယ်ဝန်ဆောင် မိခင်များနှင့် ၎င်းတို့မှ မွေးဖွားလာသော အသက်(၂)နှစ်အောက် ကလေးသူငယ်များအား ငွေကြေးထောက်ပံ့ခြင်းအစီအစဉ်တွင် မြို့နယ်လူမှုဝန်ထမ်းရုံးက ငွေကြေးထောက်ပံ့ပေးအပ်ခြင်း


MOS

DSW

DDM

DOR