လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၏၂၀၂၄ခုနှစ်၊မိုးရာသီသစ်ပင်စိုက်ပျိုးပွဲအခမ်းအနားကိုယနေ့နံနက်ပိုင်းတွင်ဇမ္ဗူသီရိမြို့နယ်၊ဝဏ္ဏသိဒိ္ဓအားကစားကွင်း၌ကျင်းပခဲ့ရာအခမ်းအနားသို့ပြည်ထောင်စုဝန်ကြီးဒေါက်တာစိုးဝင်းနှင့်ဇနီး၊ ဒုတိယဝန်ကြီးဦးစိုးကြည်နှင့်ဇနီး၊  အမြဲတမ်းအတွင်းဝန်နှင့်ဇနီး၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယအမြဲတမ်းအတွင်းဝန်၊ဒုတိယညွှန်ကြားရေးမှူးချုပ်များနှင့်ဝန်ကြီးဌာနမှအရာထမ်း၊အမှုထမ်းများတက်ရောက်၍ပါဝင်ဆင်နွှဲခဲ့ကြပါသည်။

ဦးစွာပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်းနှင့်ဇနီး၊ ဒုတိယဝန်ကြီး ဦးစိုးကြည်နှင့်ဇနီး၊ အမြဲတမ်းအတွင်းဝန်နှင့်ဇနီး၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယအမြဲတမ်းအတွင်းဝန်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များက မန်ကျည်းပင်များကို သတ်မှတ်နေရာများတွင် ဦးဆောင်စိုက်ပျိုးပေးခဲ့ပြီး ဝန်ကြီးဌာနရှိ အရာထမ်း၊အမှုထမ်းများက သတ်မှတ်နေရာအသီးသီးတွင် မန်ကျည်းပင်များ စိုက်ပျိုးပေးခဲ့ကြပါသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့်တာဝန်ရှိသူများသည် ဝန်ကြီးရုံးနှင့်ဦးစီးဌာနများမှ အရာထမ်း၊ အမှုထမ်းစိုက်ပျိုးနေမှုအခြေအနေများအား လိုက်လံကြည့်ရှုအားပေးခဲ့ပါသည်။ ဝန်ကြီးဌာန အနေဖြင့် ၂၀၀၈ ခုနှစ်မှစ၍ နှစ်စဉ် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲ ကျင်းပ၍ စိုက်ပျိုးခဲ့ရာ ၂၀၂၃ ခုနှစ်ထိ ရတနာတန်းဝင်၊ အရိပ်ရလေကာပင်နှင့်သီးပင်စားပင် စုစုပေါင်း (၃၀၀၀) ကျော် စိုက်ပျိုးခဲ့ရာ ယနေ့အထိမြေပြင်တွင် ၂၅၀၀ ခန့် ရှင်သန်ဖြစ်ထွန်းခဲ့ရာ ရုံးပတ်ဝန်ကျင်တွင် အထိုက်အလျှောက်စိမ်းလမ်းစိုပြေပြီးဖြစ်သဖြင့် ယခုနှစ်တွင်အများပြည်သူနှင့်သက်ဆိုင်သော ဇမ္ဗူသီရိမြို့နယ်၊ ဝဏ္ဏသိဒ္ဓိအားကစားကွင်းတွင် မန်ကျည်းပင် (၂၀၀) ပင်ကို စိုက်ပျိုးခဲ့ခြင်း ဖြစ်ကြောင်း သတင်းရရှိပါသည်။

နောက်ဆုံးရသတင်းများ

မန္တလေးတိုင်းဒေသကြီး၊ လူမှုဝန်ထမ်းဦးစီးမှူးရုံးမှကြီးမှူး၍ မန္တလေးမြို့၌ဖွင့်လှစ်သော “အထူးဂရုပြု စောင့်ရှောက်ရန် လိုအပ်သောကလေးများအား ပြုစုစောင့်ရှောက်ပုံ နည်းစနစ်သင်တန်း”
မန္တလေးတိုင်းဒေသကြီး ဦးစီးမှူး ဦးသက်လှိုင်ထွန်းမှ တိုင်းရင်းသားရေးရာ၊ ပြည်သူ့ရေးရာ စီမံခန့်ခွဲမှု နှင့်ဝန်ဆောင်မှုရေးရာကော်မတီ(၈/၂၀၂၅)အစည်းအဝေးမှတ်တမ်းကောက်နုတ်ချက်နှင့်ပတ်သက်၍ ရှင်းလင်းပြောကြား
မသန်စွမ်းသူများကိုယ်တိုင် ဆန္ဒမဲပေးနိုင်ရေး အသိပညာပေးခြင်းနှင့် မြန်မာအီလက်ထရောနစ် မဲပေးစက် လက်တွေ့စမ်းသပ်အသုံးပြုခြင်း အခမ်းအနားရန်ကုန်မြို့တွင် ဆောင်ရွက်
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါက်တာ သန်းစိုး ရှေးဦးအရွယ်ကလေးသူငယ်ပြုစုပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးရေးဆိုင်ရာ မွမ်းမံသင်တန်းဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်
မန္တလေးမြေငလျင်ကြီးကြောင့် ထိခိုက်ပျက်စီးသွားသော ဒေး၀န်းမူလတန်းကြိုကျောင်း၏ ယာယီကျောင်းဆောင် အဆောက်အဦ ဆောက်လုပ်နေမှု အခြေအနေအား တိုင်းဒေသကြီး ဦးစီးမှူးကွင်းဆင်းစစ်ဆေး

MOS

DSW

DDM

DOR