လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊
ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ပုလောမြို့နယ်ဦးစီးမှူးရုံးမှ
တာဝန်ရှိသူများသည် (၂၅-၇-၂၀၂၄) ရက်နေ့တွင် ပုလောမြို့နယ်၊ ရှပ်ပုံကျေးရွာအုပ်စု၊ ရှပ်ပုံကျေးရွာ၊ ရွာလယ်ရပ်၌ မိုးသည်းထန်စွာရွာသွန်းပြီး မြေပြိုဘေးဖြစ်ပွားခဲ့မှုကြောင့် တစ်စိတ်တစ်ပိုင်းပျက်စီးအိမ်ခြေ
(၁) လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၅၀,၀၀ဝိ/-)နှင့် ဘေးသင့် အိမ်ထောင်စု (၁) စုမှ
လူဦးရေ (၇) ဦးအတွက် (၇) ရက်စာဆန်ရိက္ခာဖိုးထောက်ပံ့ငွေ (၁၄,၇၀ဝိ/-)၊ စုစုပေါင်း ထောက်ပံ့ငွေ (၆၄,၇၀၀ိ/-) တို့အား (၂၉-၇-၂၀၂၄)
ရက်နေ့ (၁၅း၀၀) နာရီအချိန်တွင် ဘေးသင့်ပြည်သူများလက်ဝယ်အရောက် သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ပါသည်။
Source: DDM