လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ လွိုင်လင်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၅-၅-၂၀၂၁) ရက်နေ့၌မိုင်းကိုင်မြို့နယ်အတွင်း လေပြင်းတိုက်ခတ်မှုနှင့် မိုးသီးများကြွေကျမှုကြောင့် မိုင်းကိုင်မြို့နယ်၊ မိုင်းခွန်ကျေးရွာအုပ်စု၊ လွယ်ကျိုင်းကျေးရွာ၊ လုတ်တောင်းကျေးရွာအုပ်စု၊ ဖာလမ်ကျေးရွာတို့၌ နေအိမ်များ အမိုးလန်ပျက်စီးခဲ့ရာ ဘုန်ကြီးကျောင်း(၁)ကျောင်း၊ အမိုးလန်အိမ်ခြေပေါင်း(၈၄)လုံးအား ပျက်စီးဆုံးရှုံးမှုအလိုက် သတ်မှတ်ထောက်ပံ့နှုန်းထားအတိုင်း အိမ်ဆောက်ပစ္စည်းဖိုး စုစုပေါင်းငွေ (၃,၆၅၇,၁၀၀) ကျပ်အားလည်းကောင်း၊ (၁၀-၅-၂၀၂၁) ရက်နေ့တွင်မိုင်းကိုင်မြို့နယ်၊ ဝမ်ဖွီးကျေးရွာအုပ်စု၊ လွိုင်ဝိန်းကျေးရွာ၌ မိုးကြိုးပစ်ခတ်မှုကြောင့် သေဆုံးသူ(၁)ဦးအတွက် (၃၀၀,၀၀၀) ကျပ်အား (၁၃-၅-၂၀၂၁) ရက်၊ နံနက်ပိုင်း (၁၀:၀၀) အချိန်တွင် မိုင်းကိုင်မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့တို့နှင့်အတူ ဘေးသင့်ပြည်သူထံသို့ လက်ဝယ်အရောက် သွားရောက် ထောက်ပံ့ပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။

Source: DDM

 

နောက်ဆုံးရသတင်းများ

ကယားပြည်နယ်အတွင်းရှိ ထိခိုက်လွယ်အုပ်စုဝင်များဖြစ်သည့် အသက် (၇၀) နှစ်နှင့်အထက် သက်ကြီးပုဂ္ဂိုလ်များ၊ ကိုယ်ဝန်ဆောင်မိခင်များနှင့် ၎င်းတို့မှမွေးဖွားလာသည့် အသက်(၅) နှစ်အောက်ကလေးများ၊ မသန်စွမ်းသူများအား ချီးမြှင့်ငွေပေးအပ်ခြင်းအခမ်းအနား
ဧရာဝတီတိုင်းဒေသကြီး၊ အိမ်မဲမြို့နယ်၊ ဘုရားကြီးကုန်းကျေးရွာအုပ်စု၊ ဆင်တိုးကျေးရွာ၊ ဘုန်းကြီးကျောင်းဓမ္မာရုံ၌ ကျေးရွာနေပြည်သူများအား မန္တလေးငလျင်ကြီးလှုပ်ခတ်မှု (၁)နှစ်ပြည့် အကြိုငလျင်ဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ပြည်ထောင်စုဝန်ကြီးဒေါက်တာစိုးဝင်းလူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာနအောက်ရှိဦးစီးဌာနများ၏လုပ်ငန်းဆောင်ရွက်ချက်များကြည့်ရှုစစ်ဆေးခြင်းနှင့်ဦးစီးဌာနအရာထမ်း၊အမှုထမ်းများနှင့်တွေ့ဆုံခြင်း
“လူကုန်ကူးမှုများနှင့်ပတ်သက်သည့် တရားစီရင်ရေးလုပ်ငန်းစဉ်များနှင့် တရားစီရင်ရေးလုပ်ငန်းစဉ် အတွင်း လူကုန်ကူးခံရသူများအား အကာအကွယ်ပေးခြင်းဆိုင်ရာ စွမ်းရည်မြှင့်သင်တန်း” ဖွင့်ပွဲ အခမ်းအနားကျင်းပ
စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ ချင်းတွင်းခန်းမတွင် စစ်ကိုင်းတိုင်းဒေသကြီး လူမှုဝန်ထမ်းရုံးက ဖွင့်လှစ်သည့် ရှေးဦးအရွယ် ကလေးသူငယ်ပြုစုပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးရေးဆိုင်ရာ (အခြေခံ) သင်တန်းဆင်းပွဲကျင်းပ

MOS

DSW

DDM

DOR