ရှမ်းပြည်နယ် အစိုးရအဖွဲ့က ကြီးမှူး၍ သက်ကြီးပူဇော်ပွဲအခမ်းအနားကို ၂၀၂၆ ခုနှစ်၊ ဧပြီလ (၁၇) ရက်၊ နံနက် (၁၀:၃၀) နာရီအချိန်တွင် ရှမ်းပြည်နယ်၊ တောင်ကြီးမြို့ ၊ မြို့တော်ခန်းမ၌ ကျင်းပ ပြုလုပ်ခဲ့ပါသည်။
အခမ်းအနားတွင် ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်ဝန်ကြီးချုပ် ဦးစိုင်းထိန်စိုးက ဦးဆောင်၍ အဘိုး/အဘွားများအား ပူဇော်ကန်တော့ခဲ့ပြီး ရှမ်းပြည်နယ်ဝန်ကြီးချုပ်နှင့်ဇနီး ၊ ပြည်နယ်လွှတ်တော် ဥက္ကဋ္ဌနှင့်ဇနီး၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် ဇနီးများတို့မှ တောင်ကြီးမြို့ပေါ်ရပ်ကွက် (၂၂) ရပ်ကွက်အတွင်းရှိ အသက် (၈၅) နှစ်နှင့်အထက် သက်ကြီးဘိုးဘွား စုစုပေါင်း (၅၂၄) ဦးတို့အား တစ်ဦးလျှင်ကျပ် ၁၀၀,၀၀၀/- နှုန်းဖြင့် စုစုပေါင်း ဂုဏ်ပြုပူဇော်ကန်တော့ငွေကျပ် (၅၂.၄) သန်းအပြင် အလှူရှင်များမှ လှူဒါန်းငွေများနှင့် လှူဖွယ်ပစ္စည်းများတို့ဖြင့် လှူဒါန်းခဲ့ကြပါသည်။ ထို့နောက် အဘွားတစ်ဦးမှ ဆုတောင်းမေတ္တာ ပြန်လည်ပို့သကာ အခမ်းအနားကို နံနက် (၁၁း၀၀) နာရီ အချိန် တွင် ရုပ်သိမ်းခဲ့ပါသည်။
အခမ်းအနားသို့ အဘိုးအဘွားများနှင့် ဖိတ်ကြားထားသော ဧည့်တော်များ စုစုပေါင်း အင်အား (၄၀၀)ဦးခန့် တက်ရောက်ခဲ့ပါသည်။ အခမ်းအနားတွင် ပြည်နယ်ကျန်းမာရေးဦးစီးဌာန ၊ စဝ်စံထွန်း ဆေးရုံတို့မှ အဘိုးအဘွားများအား ကျန်းမာရေးစစ်ဆေးကုသပေးခဲ့ကြပါသည်။





