(၇-၁-၂၀၂၁) နေ့တွင် မင်းကင်းမြို့နယ်၊ အထက်စသာကျေးရွာနှင့် အောက်စသာကျေးရွာတို့တွင် ရေသန့်ဆေးထုပ် အသုံးပြုပုံ သရုပ်ပြခြင်းနှင့် ရေသန့်ဆေးထုပ် (၂၄၀) ထုပ်ပါ (၈) ဖာအားလည်းကောင်း၊  (၈-၁-၂၀၂၁) ရက်နေ့ မိုင်းဖြတ်မြို့နယ် Covid-19 ကော်မတီသို့ လက်သန့်ဆေးရည် ဘူး (၂၅) ဘူးအားလည်းကောင်း၊ မြို့သစ်မြို့နယ်(Covid-19) ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီသို့ Hand Sanitizer(500ml)ပါ (၅၀)ဘူး၊ မြို့သစ်မြို့နယ် မီးသတ်ဦးစီးဌာနသို့ Hand Sanitizer (500ml)ပါ(၂၅)ဘူးအား လည်းကောင်း၊ လွိုင်လင်မြို့၊ လွိုင်လင်(Covid-19)ရောဂါကာကွယ်ရန်အကူအညီပေးရေးအဖွဲ့သို့ PPE ဝတ်စုံများနှင့် လက်ဆေးဘေစင်အားလည်းကောင်း၊ ပင်လုံမြို့မှ ပင်လုံCovid-19 ကူးစက်ရောဂါကာကွယ်ထိန်းချုပ်ရေးကော်မတီသို့ လက်ဆေးဘေစင်နှင့် (500)ml ပါ Handgel ဘူးများအားလည်းကောင်း၊ မိတ္ထီလာမြို့ Q Center ဖွင့်လှစ်ထားရှိသည့် မိတ္ထီလာတက္ကသိုလ်တွင် ကြီးကြပ်တာဝန်ဆောင်ရွက်ပေးနေသည့် မိတ္ထီလာခရိုင်ကြက်ခြေနီအဖွဲ့၊ ခရိုင်တာဝန်ခံထံသို့ ရေသန့်ဆေး(၁)ဘူးလျှင် (၂၄၀)ထုပ်ပါ (၁၃)ဘူးအားလည်းကောင်း၊ ခန္တီး-ဟုမ္မလင်းမြို့ဝင်ဂိတ်တွင် အသုံးပြုရန်အတွက် လက်သန့်ဆေးရည်(၁၀)ဘူးအား လည်းကောင်း လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနမှ တာဝန်ရှိသူများက ထောက်ပံ့ပေးအပ်ခဲ့ပါသည်။

Source: EOC

နောက်ဆုံးရသတင်းများ

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ တပ်ကုန်းမြို့နယ်တွင် မန္တလေးငလျင်ကြီးလှုပ်ခတ်မှု (၁)နှစ်ပြည့်အကြိုအသိပညာပေး‌ဟောပြောမှုနှင့် ဥတ္တရခရိုင်၊ တပ်ကုန်းမြို့နယ်၊ လွှပုံကျေးရွာ အုပ်စု၊‌ လွှပုံကျေးရွာ၌ လေဘေးထောက်ပံ့မှုသတင်း

MOS

DSW

DDM

DOR