၁၀-၇-၂၀၂၆ ရက်၊ ၁၃:၀၀ နာရီအချိန်၊ လွိုင်ကော်မူလတန်းကြိုကျောင်းခန်းမ၌ “ရှေးဦးအရွယ် ကလေးသူငယ်ပြုစုပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးရေးဆိုင်ရာအခြေခံသင်တန်း”ဆင်းပွဲ အခမ်းအနားကို ကျင်းပပြုလုပ်ခဲ့ပါသည်။

အခမ်းအနားတွင် ပြည်နယ်မိခင်နှင့်ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့၊ နာယက၊ ဒေါ်ဘောက်နန် က အဖွင့်အမှာစကားပြောကြားခဲ့ပြီး သင်တန်းဆင်းလက်မှတ်များအား သင်တန်းသူ များကိုယ်စား သင်တန်းသူတစ်ဦးသို့ ပေးအပ်ခဲ့ပါသည်။

အဆိုပါအခမ်းအနားကို ပြည်နယ်၊ ခရိုင် မိခင်နှင့်ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့မှ တာဝန်ရှိသူများ၊ ECCD သင်တန်းသူများ၊ ကိုယ့်အားကိုယ်ကိုးမူလတန်းကြိုကျောင်းမှ ဆရာ/မများ၊ ပြည်နယ်လူမှုဝန်ထမ်းရုံးမှ တာဝန်ရှိသူများ စုစုပေါင်း (၈၀) ဦး တက်ရောက်ခဲ့ကြပါသည်။

 


နောက်ဆုံးရသတင်းများ

လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ပြည်ထောင်စုဝန်ကြီး၊ဒေါက်တာစိုးဝင်းမန္တလေးတိုင်းဒေသကြီး၊အမရပူရမြို့နယ်၊ယာယီရေဘေးရှောင်စခန်းသို့သွားရောက်ကြည့်ရှုထောက်ပံ့အားပေး

MOS

DSW

DDM

DOR