COVID-19 ကပ်ရောဂါနှင့် အတူယှဉ်တွဲနေထိုင်ရသော လူနေမှုပုံစံသစ်အတွင်း Early Childhood Intervention (ECI) ရှေ့ပြေးဝန်ဆောင်မှုလုပ်ငန်းများကို အောင်မြင်စွာ ဆက်လက် အကောင်အထည်ဖော်နိုင်ရန်အတွက် အားသစ်လောင်းအစီအစဉ်တစ်ရပ် (Online Retreat Program) ကို (၁၈.၁.၂၀၂၁)ရက်နေ့တွင်  Zoom Application ဖြင့် ကျင်းပပြုလုပ်ခဲ့ရာ လူမှုဝန်ထမ်း ဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ်၊ ဒေါ်ခင်မေနု က မွေးစမှ အသက်(၅)နှစ်အရွယ်ရှိ ကလေး သူငယ်များအတွက် ကလေးသူငယ်ဖွံ့ဖြိုးရေးအခြေအနေ တိုင်းတာစစ်ဆေးမှုနှင့် ပြန်လည် ထူထောင်ရေး ဆိုင်ရာဝန်ဆောင်မှုလုပ်ငန်းများနှင့် ပတ်သက်၍ လုပ်ငန်းဆောင်ရွက်မှုအခြေအနေ၊ တွေ့ကြုံရသည့်အခက်အခဲများ၊ စိန်ခေါ်မှုများကို ပထမဦးစွာပြောကြားခဲ့ပြီး ယနေ့အားသစ်လောင်း အစီအစဉ် (Online Retreat Program) ကျင်းပရခြင်း၏ရည်ရွယ်ချက်၊ ပြုလုပ်မည့်အစီအစဉ်များကို ရှင်းလင်းပြောကြားခဲ့ပါသည်။ 

(၁၈.၁.၂၀၂၁)ရက်နေ့မှ  (၂၁.၁.၂၀၂၁)ရက်နေ့ထိ   လေးရက်တာ ကျင်းပပြုလုပ်မည့်အဆိုပါ အစီအစဉ်ကို Stride Consulting မှ CEO, Mr. Stephen Chinnaswamy က ဦးဆောင် ပြုလုပ် သွားမည်ဖြစ်ပြီး လူမှုဝန်ထမ်းဦးစီးဌာန၊ ဆက်စပ်ဝန်ကြီးဌာနများမှ ECI ဝန်ဆောင်မှု ဆောင်ရွက် လျက်ရှိသော ပညာရှင်များ၊ ဝန်ထမ်းများ၊ စေတနာ့ဝန်ထမ်းများနှင့် NGO အဖွဲ့အစည်းများမှ တာဝန်ရှိသူများ စုစုပေါင်း (၁၀၀)ဦးခန့် တက်ရောက်ခဲ့ကြပါသည်။


ECI Online Retreat Program (၂၀၂၁ ခုနှစ်၊ ဇန်နဝါရီလ ၁၈ ရက်နေ့မှ ၂၁ ရက်နေ့ အထိ)

သင်တန်းပို့ချသူ= Stephen Chinnaswamy

သင်တန်းသားအရေအတွက် =၁၀၇ယောက်




နောက်ဆုံးရသတင်းများ

ပြည်ထောင်စုဝန်ကြီးဒေါက်တာစိုးဝင်းရာသီဥတုဖြစ်စဉ်များကြောင့်ထိခိုက်ခံရနိုင်မှုလျော့ပါးစေရေးဆိုင်ရာလုပ်ငန်းစီမံချက်အကောင်အထည်ဖော်ဆောင်ရွက်သည့်အခမ်းအနားနှင့် ပြည်ထောင်စုနယ်မြေအတွင်းမြို့နယ်(၄)ခုတွင် ဖြစ်ပွားခဲ့သောလေဘေးသင့်သူများအားထောက်ပံ့ခြင်းအခမ်းအနားများသို့တက်ရောက်
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးဒေါက်တာစိုးဝင်းတောင်ပိုင်းခရိုင်လူမှုဝန်ထမ်းရုံးနှင့်သန်လျင်လူငယ်သင်တန်းကျောင်းများသို့ကြည့်ရှုစစ်ဆေး
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်းသည်ငှက်အော်စမ်းလူငယ်သင်တန်းကျောင်းနှင့်အမျိုးသမီးများပြုစုစောင့်ရှောက်ရေးနှင့်ဖွံ့ဖြိုးတိုးတက်ရေးဌာန(တွံတေး)များသို့ကြည့်ရှုစစ်ဆေး
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ လယ်ဝေးခရိုင်၊ လယ်ဝေးမြို့နယ်၊ ဝိသာခါစာသင်တိုက်၊ ရတနာဒိပ္ပစာသင်တိုက်နှင့် ဝေပုလ္လစာသင်တိုက်တို့၌ သဘာဝဘေးအန္တရာယ်များနှင့်ပတ်သက်၍ အသိပညာပေးဟောပြောပွဲပြုလုပ်မှုသတင်း
ဇေယျာသီရိမြို့နယ်၊ရွာသစ်ကြီးပရိယတ္တိစာသင်တိုက်၊ ဆန္ဒဆာရာဓမ္မစင်တာ(အထက်တန်း)ကျောင်းနှင့် ဆန္ဒဆာရာဓမ္မစင်တာ(အလယ်တန်း)ကျောင်းတို့တွင် သဘာဝဘေးအန္တရာယ်များနှင့်ပတ်သက်၍ အသိပညာပေးဆောင်ရွက်မှုသတင်း

MOS

DSW

DDM

DOR