လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊သထုံခရိုင်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည်(၂၈.၇.၂၀၂၄)ရက်နေ့မှ (၃၁.၇.၂၀၂၄) ရက်နေ့အထိ သထုံမြို့နယ် စျေးမသွယ်အထက်ကျေးရွာ၊ သရက်ညီနောင်ကျေးရွာနှင့် ဒူးရင်းဆိပ်ကျေးရွာတို့တွင် မိုးများစွာရွာသွန်း၍ ဒုံသမိမြစ်ရေမြင့်တက်လာမှုကြောင့် ရန်ကင်းအောင်ဓမ္မာရုံ၊ ရွာဦးဘုန်းကြီးကျောင်း၊ ရွာလယ်ဓမ္မာရုံနှင့် တပ်ဦးဘုန်းကြီးကျောင်းကယ်ဆယ်ရေးစခန်းတို့ရှိ ထပ်တိုးအိမ်ထောင်စု (၄၂)စုတို့မှ (၁၈)နှစ်အထက် ကျား (၆၈)ဦး၊ မ (၆၆)ဦးနှင့် (၁၈)နှစ်အောက် ကျား (၁၇)ဦး၊ မ (၂၇)ဦး စုစုပေါင်း လူဦးရေ (၁၇၈)ဦးတို့အတွက် (၇)ရက်စာ ဆန်ရိက္ခာဖိုးငွေ (၃၇၃,၈၀ဝိ/-)ကျပ်အား (၃၁.၇.၂၀၂၄)ရက်နေ့ (၁၃:၀၀)နာရီအချိန်တွင် သထုံမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ရုံး၌ သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ပါသည်။
Source: DDM