ကလေးသူငယ်အခွင့်အရေးများဆိုင်ရာလုပ်ငန်း ကော်မတီအစည်းအဝေး(/၂၀၂၁)အား ယနေ့မွန်းလွဲပိုင်းတွင် လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ ဝန်ကြီးရုံး၊ စုပေါင်းခန်းမ၌ ကျင်းပပြုလုပ်ခဲ့ရာ ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ လုပ်ငန်းကော်မတီဥက္ကဋ္ဌ၊ လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးအောင်ထွန်းခိုင်နှင့် လုပ်ငန်းကော်မတီအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများတက်ရောက်ခဲ့ပါသည်။

ကလေးသူငယ်အခွင့်အရေးများဆိုင်ရာလုပ်ငန်းကော်မတီ၊ ဥက္ကဋ္ဌက အဖွင့်အမှာစကား ပြောကြားရာတွင် ကလေးသူငယ်များအား ရောင်းချခြင်း၊ ပြည့်တန်ဆာပြုလုပ်ခြင်းနှင့် ညစ်ညမ်း ရုပ်ပုံများဆိုင်ရာ CRC နောက်ဆက်တွဲစာချုပ်တွင် အတည်ပြုပါဝင်နိုင်ခဲ့ပါကြောင်း၊ ကလေးသူငယ် အခွင့်အရေးများဆိုင်ရာ ကုလသမဂ္ဂကွန်ဗင်းရှင်းပါ အခြေခံမူ()ရပ်ဖြစ်သောကလေးသူငယ်၏ အကောင်းဆုံးအကျိုးစီးပွားကို ဖြစ်ထွန်းစေသောမူ၊ ခွဲခြားသတ်မှတ်မှုမရှိစေသောမူ၊ အသက် ရှင်သန်ရေးနှင့်ဖွံ့ဖြိုးတိုးတက်စေသောမူ၊ ကလေးသူငယ်၏ထင်မြင်ယူဆချက်ကို အလေးပေး စေသောမူတို့နှင့်အညီ ဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ ယင်းသို့ဆောင်ရွက်လျက်ရှိရာတွင် လက်ရှိကြားကာလအစိုးရတာဝန် ယူစဉ်အတွင်းအဆိုပါအခြေခံမူများကိုအရှိန်အဟုန်မပြတ် ဆက်လက် ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း၊ ကလေးသူငယ်များ၏ အခွင့်အရေးများနှင့် ဖွံ့ဖြိုး တိုးတက်စေရေးဆိုင်ရာ လုပ်ငန်းစဉ်များနှင့်စပ်လျဉ်း၍ (Quick Win) ဖြစ်စေနိုင်သည်များကို ရှာဖွေဖော်ထုတ်ရွေးချယ် ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း၊ နိုင်ငံတော်အတွင်း လိုအပ် လျက်ရှိသော ငြိမ်းချမ်းရေး၊ ဖွံ့ဖြိုးရေးနှင့် လူမှုသဟဇာတဖြစ်စေရေးတို့သည် တစ်နိုင်ငံလုံး အပစ် အခတ်ရပ်စဲရေး သဘောတူစာချုပ်(NCA)အထိ သက်ရောက်မှုရှိပါကြောင်း၊ ကလေးသူငယ်များ၏ အခွင့်အရေးများဖြစ်သော ရှင်သန်ခွင့်၊ ဖွံ့ဖြိုးတိုးတက်ခွင့်၊ ကာကွယ်စောင့်ရှောက်ခံပိုင်ခွင့်နှင့် ပါဝင်ဆောင်ရွက်ခွင့်များကို ဖော်ဆောင်ရာတွင် အထူးသတိပြုစေလိုပါကြောင်း၊ ကလေးသူငယ်များ၏ ပညာရေးအခွင့်အလမ်းသည် အရွယ်အလိုက်ဦးနှောက်ဖွံ့ဖြိုးမှုအလိုက် လုပ်ဆောင်ပေးရသည့်အတွက် အချိန်ကိုစောင့်မရ/နောက်ဆုတ်၍လည်းမရပါကြောင်း၊ COVID-19 ကပ်ရောဂါကြောင့်လည်း ပညာသင်ယူခွင့်အချိန်အတိုင်းအတာတစ်ခု နောက်ကျခဲ့ပြီး ဖြစ်ပါကြောင်း၊ မိမိတို့ဝန်ကြီးဌာနအနေနှင့်လည်း ရှေးဉီးအရွယ်ကလေးသူငယ်ပြုစု ပျိုးထောင်ရေးနှင့်ဖွံ့ဖြိုးရေးဆိုင်ရာ ဥပဒေ၊နည်းဥပဒေများကို ရေးဆွဲပြဋ္ဌာန်းခဲ့ပြီး မူဝါဒ၊ မဟာဗျူဟာများချမှတ်ခဲ့ပါကြောင်း၊ ကလေးသူငယ်များအား ပိုမိုထိရောက်စွာကာကွယ် ဆောင်ရွက်နိုင်ရန်အတွက် မတ်လ၃၀ရက်နေ့တွင် ကျင်းပပြုလုပ်ခဲ့သည့် နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီ၏ ၈/၂၀၂၁ အစည်းအဝေးတွင် ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ဥပဒေကို ပြန်လည်စိစစ်သုံးသပ်ပြီးလိုအပ်သည့် ပြင်ဆင်ဖြည့်စွက်မှုများ လုပ်ဆောင်သွားရန် လမ်းညွှန်ချက်အရ ကလေးသူငယ်အခွင့်အ‌‌‌ရေးများဆိုင်ရာ ဥပဒေအပေါ် ပြန်လည် စိစစ်သုံးသပ်မှုများ ပြုလုပ်နေပါကြောင်း၊ ပဥ္ဂမအကြိမ်နှင့် ဆဋ္ဌမအကြိမ် ပူးတွဲအစီရင်ခံစာ တင်သွင်းနိုင်ရေးကိုလည်း ဆောင်ရွက်လျက်ရှိရာ လုံခြုံရေး၊ တည်ငြိမ်ရေးနှင့် တရားဥပဒေ စိုးမိုးရေးကော်မတီသို့ တင်ပြထားပါကြောင်းပြောကြားခဲ့ပါသည်။

ဆက်လက်၍ ကလေးသူငယ်အခွင့်အရေးများ ဆိုင်ရာကုလသမဂ္ဂကွန်ဗင်းရှင်း အကောင်အထည်ဖော်မှု ပဥ္စမနှင့်ဆဋ္ဌမအကြိမ် နိုင်ငံအဆင့်ပူးတွဲအစီရင်ခံစာ(မူကြမ်း) တင်သွင်းထားရှိမှုအခြေအနေနှင့် ကလေးသူငယ်အခွင့်အရေးများဆိုင်ရာဥပဒေနှင့် နည်းဥပဒေရေး ဆွဲဆောင်ရွက်ထားရှိမှု အခြေအနေများအား ဘာသာရပ်ဆိုင်ရာ ညွှန်ကြားရေးမှူး များက ရှင်းလင်းတင်ပြခဲ့ပါသည်။

ထို့နောက် ကလေးသူငယ်အခွင့်အရေးများဆိုင်ရာလုပ်ငန်းကော်မတီ၊ ဒုတိယဥက္ကဋ္ဌ၊ လူမှုဝန်ထမ်းဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်နှင့်တာဝန်ရှိသူများက ဖြည့်စွက် ဆွေးနွေးတင်ပြခဲ့ပြီး လုပ်ငန်းကော်မတီဥက္ကဋ္ဌက နိဂုံးချုပ်အမှာစကားပြောကြားခဲ့ကာ အစည်းအဝေးအား ရုတ်သိမ်းခဲ့ကြောင်း သတင်းရရှိပါသည်။

 

နောက်ဆုံးရသတင်းများ

ကယားပြည်နယ်အတွင်းရှိ ထိခိုက်လွယ်အုပ်စုဝင်များဖြစ်သည့် အသက် (၇၀) နှစ်နှင့်အထက် သက်ကြီးပုဂ္ဂိုလ်များ၊ ကိုယ်ဝန်ဆောင်မိခင်များနှင့် ၎င်းတို့မှမွေးဖွားလာသည့် အသက်(၅) နှစ်အောက်ကလေးများ၊ မသန်စွမ်းသူများအား ချီးမြှင့်ငွေပေးအပ်ခြင်းအခမ်းအနား
ဧရာဝတီတိုင်းဒေသကြီး၊ အိမ်မဲမြို့နယ်၊ ဘုရားကြီးကုန်းကျေးရွာအုပ်စု၊ ဆင်တိုးကျေးရွာ၊ ဘုန်းကြီးကျောင်းဓမ္မာရုံ၌ ကျေးရွာနေပြည်သူများအား မန္တလေးငလျင်ကြီးလှုပ်ခတ်မှု (၁)နှစ်ပြည့် အကြိုငလျင်ဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ပြည်ထောင်စုဝန်ကြီးဒေါက်တာစိုးဝင်းလူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာနအောက်ရှိဦးစီးဌာနများ၏လုပ်ငန်းဆောင်ရွက်ချက်များကြည့်ရှုစစ်ဆေးခြင်းနှင့်ဦးစီးဌာနအရာထမ်း၊အမှုထမ်းများနှင့်တွေ့ဆုံခြင်း
“လူကုန်ကူးမှုများနှင့်ပတ်သက်သည့် တရားစီရင်ရေးလုပ်ငန်းစဉ်များနှင့် တရားစီရင်ရေးလုပ်ငန်းစဉ် အတွင်း လူကုန်ကူးခံရသူများအား အကာအကွယ်ပေးခြင်းဆိုင်ရာ စွမ်းရည်မြှင့်သင်တန်း” ဖွင့်ပွဲ အခမ်းအနားကျင်းပ
စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ ချင်းတွင်းခန်းမတွင် စစ်ကိုင်းတိုင်းဒေသကြီး လူမှုဝန်ထမ်းရုံးက ဖွင့်လှစ်သည့် ရှေးဦးအရွယ် ကလေးသူငယ်ပြုစုပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးရေးဆိုင်ရာ (အခြေခံ) သင်တန်းဆင်းပွဲကျင်းပ

MOS

DSW

DDM

DOR