အသက်(၃)နှစ်မှ (၅)နှစ် ရှေးဦးအရွယ်ကလေးသူငယ်ပြုစုပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးရေးဆိုင်ရာ (အခြေခံ) သင်တန်းကို ၃.၈.၂၀၂၆ ရက်မှ ၂၆.၈.၂၀၂၆ ရက်ထိ မော်လမြိုင်မြို့၊ အိမ်တွင်းမှုသက်မွေး လုပ်ငန်း ပညာသင်ကျောင်းခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။

   အဆိုပါအခမ်းအနားတွင် မွန်ပြည်နယ်အစိုးရအဖွဲ့လူမှုရေးရာဝန်ကြီး ဦးတင်ဇော်ထွန်းက သင်တန်းဆင်း အမှာစကားပြောကြားပြီး၊   သင်တန်းသူ/ သင်တန်းသားများအား  လူမှုရေးရာဝန်ကြီး၊ မွန်ပြည်နယ် မိခင်နှင့်ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဒေါ်စိုးစိုးအိ၊ ပြည်နယ်/ခရိုင်/ မြို့နယ် မိခင်နှင့်ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့၊ အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ပြည်နယ်လူမှုဝန်ထမ်းရုံးမှ ပြည်နယ်ဦးစီးမှူးတို့က သင်တန်းဆင်းလက်မှတ်များ ပေးအပ်ခဲ့ကြပါသည်၊၊

      ထို့နောက် သင်တန်းသူလေးများက “မွန်တို့ဌာနီရာမညမြေ” တေးသီချင်းဖြင့် အခမ်းအနားကို ဖွင့်လှစ်ခဲ့ပြီး “ Walking  Walking” ကဗျာ၊ “ သို့ကျောင်းသား ” ပုံပြင်၊ “ အလှကမ္ဘာမြေ” တေးသီချင်း တို့ဖြင့် တေးသရုပ်ဖော် ကပြဖျော်ဖြေတင်ဆက်ခဲ့ပါသည်။ ယင်းနောက် အခမ်းအနားကို နံနက် ၁၁:၃၀ နာရီ အချိန်တွင် ရုတ်သိမ်းခဲ့ပါသည်။

    ယင်းနောက် အခမ်းအနားသို့ တက်ရောက်လာကြသော  မွန်ပြည်နယ်အစိုးရအဖွဲ့၊ လူမှုရေးရာ ဝန်ကြီး၊ ပြည်နယ်/ ခရိုင်/ မြို့နယ် မိခင်နှင့်ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့နှင့် အမျိုးသမီးရေးရာ အဖွဲ့ ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊  ပြည်နယ်လူမှုဝန်ထမ်းရုံး ညွှန်ကြားရေးမှူးနှင့် သင်တန်းနည်းပြများမှ သင်တန်းသူများပြုလုပ်ထားသော လက်မှုများ၊ သင်ထောက်ကူပစ္စည်းများ၊ ပန်းချီများ ခင်းကျင်းထား သည်များကို ကြည့်ရှုအားပေးခဲ့ကြပြီး သင်တန်းသူများအား အားပေးစကား ပြောကြားခဲ့ပါသည်။

     အဆိုပါအခမ်းအနားသို့ မွန်ပြည်နယ်အစိုးရအဖွဲ့၊ လူမှုရေးရာဝန်ကြီး၊ပြည်နယ်/ ခရိုင်/ မြို့နယ် မိခင်နှင့်ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့နှင့် အမျိုးသမီးရေးရာအဖွဲ့ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ပြည်နယ်လူမှုဝန်ထမ်းရုံး ညွှန်ကြားရေးမှူးနှင့် သင်တန်းနည်းပြများ၊ သင်တန်းသား/သင်တန်းသူများ စုစုပေါင်းအင်အား (၅၀) ဦးခန့် တက်ရောက်ခဲ့ကြပါသည်။





 

နောက်ဆုံးရသတင်းများ

နေပြည်တော်ကောင်စီဝင်က စေတနာ့ဝန်ထမ်းအဖွဲ့အစည်းများအား ထောက်ပံ့ကြေးပေးအပ်ခြင်းနှင့် ရှေးဦးအရွယ်ကလေးသူငယ်ပြုစုပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးရေးဆိုင်ရာ ဥပဒေ၊ နည်းဥပဒေ ရှင်းလင်းခြင်းအခမ်းအနား တက်ရောက်ခြင်း
မွန်ပြည်နယ်လူမှုဝန်ထမ်းရုံးမှ မော်လမြိုင်မြို့နယ်အတွင်းရှိ ပုဂ္ဂလိကမူလတန်းကြိုကျောင်းများအား အယ်လ်နီညိုနှင့် အပူဒဏ်ကာကွယ်ရေးသိကောင်းစရာများ ထပ်ဆင့်အသိပညာပေး ဟောပြောပွဲ ကျင်းပခြင်း
ဝါးခယ်မမြို့နယ်ရှိ ရေကျော်ရပ်ကွက်၊ စျေးရပ်ကွက်နှင့် ဆေးရုံရပ်ကွက်တို့၌ စူပါအယ်နီညိုဖြစ်စဉ် နှင့်ပတ်သက်၍ ဆောင်ရန်၊ ရှောင်ရန်အချက်များကို ဟောပြောဆောင်ရွက်မှုသတင်း
မွန်ပြည်နယ်လူမှုဝန်ထမ်းရုံးနှင့် ပြည်နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနတို့ပူးပေါင်း၍ အယ်လ်နီညို နှင့်အပူဒဏ်ကာကွယ်ရေး သိကောင်းစရာများ အသိပညာပေးဟောပြောပွဲကျင်းပခြင်း

MOS

DSW

DDM

DOR