လူမှု၀န်ထမ်း၊ ကယ်ဆယ်ရေးနှင့်
ပြန်လည်နေရာချထားရေး၀န်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊
မင်းလှမြို့နယ်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် (၂၃-၇-၂၀၂၄) ရက်နေ့တွင်
မင်းလှမြို့နယ်၊ ကြို့ကုန်း (၁) ကျေးရွာအုပ်စု၊ အနောက်ကြို့ကုန်းကျေးရွာတွင်
ဖြစ်ပွားသောလေဘေးမှ တစ်စိတ်တစ်ပိုင်း အိမ်ခြေ (၁) လုံးအတွက်
အိမ်ဆောက်ပစ္စည်းဖိုး ထောက်ပံ့ငွေ (၅၀,၀၀၀ိ/-)၊ အိမ်ထောင်စု
(၁) စုမှ လူဦးရေ (၄) ဦးတို့အတွက် ဆန်ရိက္ခာ (၇) ရက်စာဖိုးထောက်ပံ့ငွေ
(၈,၄၀၀ိ/-)၊ စုစုပေါင်းထောက်ပံ့ငွေ (၅၈,၄၀၀ိ/-) အား (၂၆-၇-၂၀၂၄) ရက်နေ့ (၁၄း၀၀) နာရီအချိန်တွင် မင်းလှမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ
တာဝန်ရှိသူများ၊ မီးသတ်ဦးစီးဌာနမှ တာဝန်ရှိသူများနှင့်အတူ ဘေးသင့်ပြည်သူ
လက်ဝယ်အရောက် ထောက်ပံ့ပေးအပ်ခဲ့ပါသည်။
Source: DDM