မြောင်းမြခရိုင်၊
ဝါးခယ်မမြို့နယ်၊ ကျုံလတာကျေးရွာအုပ်စု၊ လမုတန်းကျေးရွာတွင် (၂၄-၁၁-၂၀၂၀)ရက်နေ့က ဖြစ်ပွားခဲ့ သော မီးလောင်မှုကြောင့်
မီးလောင်ကျွမ်းပျက်စီးခဲ့ရသည့်နေအိမ် (၁)လုံး၊ အိမ်ထာင်စု
(၁)စုမှ လူဦးရေ (၅)ဦးတို့အတွက် အိမ်ဆောက် ပစ္စည်းရန်ပုံငွေ (၁၀၀,၀၀ဝ) ကျပ်၊ ဆန်ရိက္ခာရန်ပုံငွေ (၁၀,၅၀ဝ)ကျပ်၊
စုစုပေါင်းရန်ပုံငွေ( ၁၁၀,၅၀၀) ကျပ်တို့ကို လူ-ကယ်-ပြန်ဝန်ကြီးဌာနမှ
တာဝန်ရှိသူများက ယနေ့(၂၆-၁၁-၂၀၂၀)ရက်နေ့၊ (၁၃း၀၀)နာရီအချိန်တွင် ဝါးခယ်မမြို့နယ်အထွေထွေ
အုပ်ချုပ်ရေးဦးစီးဌာနတွင် ၎င်းပြည်သူများထံ
သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ပါသည်။
Source: EOC