၅ ဇန်နဝါရီ ၂၀၂၁

(၄-၁-၂၀၂၁) ရက်နေ့တွင် KBZ(Covid-19) စားနပ်ရိက္ခာထောက်ပံ့ရေးကော်မတီ၊ ရှမ်းတောင် ပရဟိတကွန်ရက်၊ လူမှုကူညီရေး အသင်းအဖွဲ့များနှင့်အတူ နမ်ဆန်မြို့နယ်၊ ခိုလမ်မြို့၊ ဝမ်စိမ်း ကျေးရွာ၊ ဝမ်စိမ်းဘဝသစ်အားမာန် (မျက်မမြင်ကျောင်း) သို့ ရောက်ရှိပြီး ဦးစီးဌာနမှ စတီး လက်ဆေးဘေစင်(၃)လုံး၊ Mask (ပိတ်စ)(၁၀၀)ခု၊ (500g) ပါ လက်သန့်ဆေးရည်များ၊ (၃၀၀၀) gပါ Sue Sat ဆပ်ပြာမှုန့်ထုပ်များ၊ ကြွေဆေးရည်ဘူးများ၊ (Dettol)ပိုးသတ်ဆေးရည်ဘူးကြီးများ၊ တစ်ခါ သုံးလက်အိတ်များ၊ အပူချိန်တိုင်း ကိရိယာအားလည်းကောင်း၊ KBZ(စားနပ်ရိက္ခာထောက်ပံ့ရေး ကော်မတီ၊ ရှမ်းတောင်ပရဟိတကွန်ရက်နှင့် လူမှုကူညီရေးအသင်းအဖွဲ့မှ စားသောက်ကုန်များ၊ မီးဖိုချောင်သုံးလျှပ်စစ်ပစ္စည်းများ၊ လူသုံးကုန်ပစ္စည်းများအဝတ်အထည်များနှင့် အလှူငွေများအား လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနမှ တာဝန်ရှိသူများက ကျောင်းအုပ်ဆရာမကြီးထံသို့ အသီးသီးထောက်ပံ့ပေးအပ်ခဲ့ပါသည်။

 Source: EOC

နောက်ဆုံးရသတင်းများ

လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ပြည်ထောင်စုဝန်ကြီးဒေါက်တာစိုးဝင်းကအေးငြိမ်းချမ်းသာဂိလာနဘိုးဘွားရိပ်သာ၊ပျဉ်းမနားဘိုးဘွားရိပ်သာ၊ကရုဏာကမ္ဘာဘိုးဘွားရိပ်သာတို့မှသက်ကြီးပုဂ္ဂိုလ်များအားထောက်ပံ့မှုသွားရောက်ဆောင်ရွက်
ကရင်ပြည်နယ်၊ ဘားအံမြို့နယ်အတွင်း အဆိုးဆုံးရွားပုံစံဖြင့်ခိုင်းစေခြင်းခံရသော ကလေးအလုပ်သမားဖယ်ရှားရေးနှင့် ပြန်လည်ကုစားရေးလုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ

MOS

DSW

DDM

DOR