လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ဒုတိယဝန်ကြီးဒေါက်တာသန့်ဇော်လွင်သည်Save the Children International (SCI) မှ အာရှဒေသဆိုင်ရာRegional Directorဖြစ်သူMr. Arshad Mehmood Malikဦးဆောင်သောကိုယ်စားလှယ်အဖွဲ့အား ယနေ့မွန်းလွဲပိုင်းတွင်အဆိုပါဝန်ကြီးဌာန၊ဧည့်ခန်းမ၌လက်ခံတွေ့ဆုံခဲ့ပါသည်။
ထိုသို့တွေ့ဆုံရာတွင်Save the Children International (SCI) နှင့် ဝန်ကြီးဌာနတို့အကြား ရှေးဦးအရွယ်ကလေးသူငယ်ပြုစုပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေး (EarlyChildhood Care and Development – ECCD) ဆိုင်ရာလုပ်ငန်းများ ပူးပေါင်းဆောင်ရွက်နေမှုများ၊ Save the Children International (SCI) အနေဖြင့်အဆိုပါ ECCD လုပ်ငန်းများ၌နည်းပညာအကူအညီ ထောက်ပံ့ပေးအပ်နိုင်ရေးအခြေအနေ၊လူမှုဝန်ထမ်းဦးစီးဌာနနှင့် Save the Children International(SCI) တို့အကြား နားလည်မှုစာချွန်လွှာ (MoU) ရေးထိုးနိုင်ရေးဆောင်ရွက်လျက်ရှိသည့် လုပ်ငန်းစဉ်များ စသည့်ကိစ္စရပ်များနှင့်စပ်လျဉ်း၍ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြပါသည်။
တွေ့ဆုံပွဲသို့ Save the Children International(SCI) ၏ မြန်မာနိုင်ငံဆိုင်ရာဌာနေကိုယ်စားလှယ် Mrs. Wang Le နှင့်ကိုယ်စားလှယ်များ၊ လူမှုဝန်ထမ်းဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ်၊ဒုတိယအမြဲတမ်းအတွင်းဝန်နှင့်ဘာသာရပ်ဆိုင်ရာတာဝန်ရှိသူများပါဝင်တက်ရောက်ခဲ့ကြကြောင်းသတင်းရရှိပါသည်။









