ကယားပြည်နယ် လွိုင်ကော်မြို့၊ လွိုင်ကော်မူလတန်းကြိုကျောင်းခန်းမ၌ MCCT အသိပညာပေး သင်တန်း အစီအစဉ်ကို ၂၄-၈-၂၀၂၆ ရက်တွင် လူဦးရေ ( ၃၃ )ဦးဖြင့် ဖွင့်လှစ်ခဲ့ပါသည်။

   အဆိုပါသင်တန်းတွင် ကယားပြည်နယ်လူမှုဝန်ထမ်းရုံးမှ ပြည်နယ်ဦးစီးမှူး ဒေါ်စိန်စိန်မော်က အဖွင့် အမှာစကားပြောကြားခဲ့ပြီး ပြည်နယ်လူမှုဝန်ထမ်းရုံးမှ တာဝန်ရှိသူများမှ MCCT ငွေကြေး ထောက်ပံ့ခြင်း အစီအစဉ်နှင့် ပတ်သက်၍ လုပ်ငန်းဆောင်ရွက်ချက်များအား ရှင်းလင်းပြောကြားခဲ့ပါ သည်။ ထို့နောက် မြန်မာ့စီးပွားရေးဘဏ်(လွိုင်ကော်)မှ တာဝန်ရှိသူများမှ MCCT ငွေကြေးထောက်ပံ့ခြင်း အစီအစဉ်တွင် ငွေထုတ်ယူခြင်းလုပ်ငန်းစဉ်များနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့ပါသည်။ အဆိုပါ သင်တန်းသို့   မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ရပ်ကျေးစာရေးများ၊ မြန်မာ့စီးပွားရေးဘဏ် (လွိုင်ကော်)မှ ဝန်ထမ်းများ၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ သူနာပြုများ၊ ပြည်နယ် အမျိုးသမီးရေးရာ အဖွဲ့ မှ အမျိုးသမီးရေးရာအဖွဲ့ဝင်များ စုစုပေါင်းလူဦးရေ (၃၃)ဦး တက်ရောက်ခဲ့ပါသည်။

     သင်တန်းဖွင့်လှစ်ရခြင်း ရည်ရွယ်ချက်မှာ MCCT အစီအစဉ် အကောင်အထည်ဖော်ဆောင်ရွက်ရာတွင် ပူးပေါင်းဆောင်ရွက်ရမည့် ဌာနအဖွဲ့အစည်းများအား လက်ရှိဆောင်ရွက်လျက်ရှိရာ ထောက်ပံ့သည့် နည်းစနစ်များ၊ ထောက်ပံ့ကြေးပေးအပ်ရာတွင် ပူးပေါင်းဆောင်ရွက်ရမည့် ကဏ္ဍများနှင့် အစီအစဉ် ထိရောက်မှုရှိစေရေး  ရည်ရွယ်၍  ဖွင့်လှစ်ရခြင်းဖြစ်ပါသည်။

 

နောက်ဆုံးရသတင်းများ

နေပြည်တော်ကောင်စီဝင်က စေတနာ့ဝန်ထမ်းအဖွဲ့အစည်းများအား ထောက်ပံ့ကြေးပေးအပ်ခြင်းနှင့် ရှေးဦးအရွယ်ကလေးသူငယ်ပြုစုပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးရေးဆိုင်ရာ ဥပဒေ၊ နည်းဥပဒေ ရှင်းလင်းခြင်းအခမ်းအနား တက်ရောက်ခြင်း
မွန်ပြည်နယ်လူမှုဝန်ထမ်းရုံးမှ မော်လမြိုင်မြို့နယ်အတွင်းရှိ ပုဂ္ဂလိကမူလတန်းကြိုကျောင်းများအား အယ်လ်နီညိုနှင့် အပူဒဏ်ကာကွယ်ရေးသိကောင်းစရာများ ထပ်ဆင့်အသိပညာပေး ဟောပြောပွဲ ကျင်းပခြင်း
ဝါးခယ်မမြို့နယ်ရှိ ရေကျော်ရပ်ကွက်၊ စျေးရပ်ကွက်နှင့် ဆေးရုံရပ်ကွက်တို့၌ စူပါအယ်နီညိုဖြစ်စဉ် နှင့်ပတ်သက်၍ ဆောင်ရန်၊ ရှောင်ရန်အချက်များကို ဟောပြောဆောင်ရွက်မှုသတင်း
မွန်ပြည်နယ်လူမှုဝန်ထမ်းရုံးနှင့် ပြည်နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနတို့ပူးပေါင်း၍ အယ်လ်နီညို နှင့်အပူဒဏ်ကာကွယ်ရေး သိကောင်းစရာများ အသိပညာပေးဟောပြောပွဲကျင်းပခြင်း

MOS

DSW

DDM

DOR